သဘာဝသယံဇာတ အရင်းအမြစ်များကို ထိန်းသိမ်းရန် တရုတ်နိုင်ငံသမ္မတ တိုက်တွန်း

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် သြဂုတ်လ ၂၂ ရက်က တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊Qinghai ပြည်နယ်သို့ သွား ရောက်သည့် ခရီးစဉ်အတွင်း တိဗက်ကုန်းမြင့် ဒေသ၏ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက် သဘာ၀ သယံဇာတများ ထုတ်ယူသုံး စွဲမှုကို စနစ်တကျ ကန့်သတ်ရန်နှင့် သဘာဝသယံဇာတများ ထုတ်ယူအသုံးပြုရာတွင် ဂေဟစနစ် မပျက်စီးအောင် ဂရုပြုသုံးစွဲ ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ တိဗက်ဒေသရှိ ယန်ဇီမြစ် ၊ မြစ်ဝါမြစ်နှင့် လန်ကန်မြစ် သုံးခု ဆုံရာဒေသဖြစ်သည့် ဆန်းကျန်းယွမ် ဒေသတစ်လျှောက်တွင် ဟေစနစ်များ ပျက်စီးလျက်ရှိကြောင်း၊ ထိုဒေသသည် အဖိုးတန် ရှားပါးသစ်ပင်အမျိုးအစားပေါင်း ၂၂၀၀ ခန့်၊ တိရစ္ဆာန်မျိုးစိတ် ပေါင်း ၈၅ မျိုးနှင့် သဘာဝကျေးငှက်မျိုးစိတ်ပေါင်း ၂၃၀ ကျော် ခန့်ရှိသည့် နေရာ ဒေသဖြစ်ကြောင်း၊ လူတို့၏ ထုတ်ယူသုံးစွဲမှု ကြောင့် ၂၀ ရာစုနှောင်းပိုင်းမှစတင်၍ ပျက်စီးယိုယွင်းလာခဲ့ ကြောင်း သိရှိရပါသည်။ ထိုဒေသ၏ သဘာ၀ ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း ရန် ပြည်နယ်အစိုးရသို့ သဘာဝသယံဇာတနှင့် ပတ်သက်သည့် သင့်လျော်သည့် နည်းဗျူဟာကို စံနမူနာအဖြစ်ချမှတ်ရန်နှင့် မှန် ကန်စွာ ဆက်လက်ဆောင်ရွက်ရန် ပြော ကြား ခဲ့ကြောင်း သိရှိရပါ သည်။ ခရီးစဉ်၏ အဓိကအစီအစဉ်မှာ ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးလုပ်ငန်းစဉ်ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင်  တရုတ်၌ ကျန်ရှိသည့် ဆင်းရဲသူလူဦးရေ သန်း၅၀ ကျော်၏ ဘဝမြှင့်တင်ဆောင်ရွက်ရေး သည်   နိုင်ငံတော်၏ အဓိကလုပ်ငန်းစဉ်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။
သန္တာခိုင်၊  စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ ပေကျင်းမြို့