E - Commerce သည် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ်အတါက် အဓိကကျကြောင်း တရုတ်နိုင်ငံပြောကြား

ဖေဖော်ဝါရီလကုန်ကAlibaba Group ESifh Ant Financial Services Group တို့ ပူးပေါင်း၍ စီချွမ်ပြည် နယ်အစိုးရနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဓိက အားဖြင့် ဆင်းရဲမှုပပျောက်ရေး အထောက်အကူဖြစ်စေရန် အချက်အလက်များရရှိမှု၊e-commerce  ၊ ပို့ဆောင် ဆက်သွယ်ရေးချိတ်ဆက်မှုများ၊ ခရီးသွားလာရေးနှင့် ငွေချေးကိစ္စများ ဆောင်ရွက်မည်ဖြစ်သည်။စီချွမ်ပြည်နယ် အစိုးရက ကျေးလက်ဒေသ၌ အီးကောမတ်စ် ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းသည် ခေတ်သစ်ဆင်းရဲမှု ပပျောက်ရေး၏ လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း ပြောကြားပါသည်။ လမ်းပန်း ဆက်သွယ် ရေး ခက်ခဲသည့် ဒေသရှိ ကျေးလက်နေ လယ်သမားများ အနေဖြင့် မိမိတို့လယ်ယာထွက်ကုန်များကို အွန်လိုင်း မှတစ်ဆင့် ရောင်းဝယ်ဖောက်ကားခြင်း၊ လိုအပ်သည့် လယ်ယာသုံး သွင်းအားစုများ၊ အိမ်သုံးပစ္စည်းများကို လည်း အွန်လိုင်းမှတစ်ဆင့် ဝယ်ယူနိုင်ခြင်း ကြောင့် ဝင်ငွေများတိုးတက်ရရှိပြီး၊ လူနေမှုအဆင့်အတန်း မြင့်မားလာကြောင်း၊ ကျေးလက်လူငယ်များအနေဖြင့် မိမိတို့ဒေသရှိ အွန်လိုင်းစင်တာများ၌ အလုပ်အကိုင် ရရှိစေကြောင်း ဆက်လက် ပြောကြားထားပါသည်။
၂၀၁၆ ခုနှစ်က Alibaba Group နှင့်Ant Financial Services Group   တို့သည် စီချွမ်၌ အမေ ရိကန်ဒေါ်လာ ၄၅၈ ဒသမ ၂ သန်း ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရပါသည်။
စီချွမ်ပြည်နယ်တွင် ကျေးလက်ပြည်သူ ၂ ဒသမ ၇၂ သန်းမှာ ဆင်းရဲနွမ်းပါးလျက်ရှိနေပြီး ယခုနှစ်ကုန် တွင် ထက်ဝက်ကျော်ခန့် အထိ လျှော့ချနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ယခုအခါ စီချွမ် ပြည်နယ်ရှိ ၁၈၃ မြို့တွင် Alibaba အွန်လိုင်း ဈေးဝယ်မှု tobao online shopping Platform  ကို ၂၄ မြို့တွင် သုံးစွဲလျက်ရှိကြောင်း သိရှိရသည်။
သန္တာခိုင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ပေကျင်းမြို့