တောင်ကိုရီးယားနိုင်ငံအတွင်းသို့ ဘီယာတင်သွင်းမှု ကန်ဒေါ်လာ သန်း၁၀၀ကျော်ပြီဟုဆို

   ၂၀၁၄ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံအတွင်းသို့ ဘီယာတင်သွင်းခဲ့မှု တန်ဖိုးပမာဏသည် အမေရိကန် ဒေါ်လာသန်း၁၀၀ကျော်ရှိခဲ့သည်။ ကိုရီးယားအကောက်ခွန်ဌာန၏ စာရင်းဇယားများအရ ၂၀၁၄ ခုနှစ်အတွင်း ဘီယာတင်သွင်းမှု သွင်းကုန်တန်ဖိုးသည် ဒေါ်လာ ၁၁၁ ဒသမ ၆၄ သန်းဖြစ် ပြီး ၂၀၁၃ ခုနှစ် က သွင်းကုန်တန်ဖိုးဒေါ်လာ ၈၉ ဒသမ ၆၇ သန်းထက် ၂၄ ဒသမ ၅ ရာခိုင်နှုန်းပိုမိုခဲ့သည်။ အာရှငွေရေးကြေးရေးပြဿ     နာပြီးနောက် ကိုရီးယားနိုင်ငံတွင်း ဘီယာဈေးကွက်သည် လွန်ခဲ့သော သုံးနှစ်ဆက်တိုက် သိသိသာသာတိုးတက်လာနေခဲ့သည်။ ဘီယာသွင်းကုန်သည် ပို့ကုန်ထက် ၁၉၉၅ ခုနှစ်မှ စတင် စာရင်းကောက်ယူကတည်းက ပိုမိုနေခဲ့သည့်ပြင် ၂၀၁၄ ခုနှစ်က ဘီယာသွင်းကုန်တန်ချိန်ပမာဏသည် ၂၀၁၃ ခုနှစ်က ပမာဏ ၉၅,၂၁၁ တန်ထက်ပိုမို၍ ၁၁၉,၄၆၇ တန်ရှိခဲ့သည်။ ကိုရီးယား ဘီယာလုပ်ငန်းသည် ယမန်နှစ်က ကုန်သွယ်မှု လိုငွေ ဒေါ်လာ ၃၈ ဒသမ ၄၆ သန်းရှိခဲ့သည်။

   လေးနှစ်ဆက်တိုက် ဘီယာဈေးကွက်စာရင်းဇယားများကိုကြည့်ပါက ဂျပန်ဘီယာသည် ကိုရီးယားတွင် အကျော်ကြားဆုံးဖြစ်ပြီး၊ တင်သွင်းမှုပမာဏ ၃၁,၉၁၄ တန်၊ ဒုတိယ အနေဖြင့် ဒတ်ချ်ဘီယာ ၁၇,၈၂၁ တန်နှင့် ဂျာမန်ဘီယာ ၁၆,၆၈၈ တန်တို့ဖြစ်ကြသည်။ တရုတ်ဘီယာသည် ယမန်နှစ်က ၁၁,၄၉၀ တန် တင်သွင်းခဲ့ပြီး၊ စတုတ္ထမြောက်ဖြစ်၍ အမေရိကန်ဘီယာသည် ၈,၉၄၄တန်တင်သွင်း၍ ပဉ္စမမြောက်ပမာဏအများဆုံးတင်သွင်းသည့် နိုင်ငံခြာဘီယာဖြစ်ခဲ့သည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ဆိုးလ်မြို့