အာဟာရဓာတ်များအထူးကြွယ်ဝသည့် မျိုးရိုးဗီဇပြောင်းလဲထားသော အစားအစာဈေးကွက်အလားအလာများရှိကြောင်း ဘယ်လ်ဂျီယံတက္ကသိုလ်က ပြောကြား

   ယေဘုယျအားဖြင့် စားသုံးသူများသည် မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားသော အစားအစာများကိုဝယ်ယူစားသုံးမည်မဟုတ်ကြောင်း၊ သို့ရာတွင် အာဟာရဓာတ်များ အထူးကြွယ် ဝအောင်စီမံထားသည့် မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားသော အစားအစာများကိုမူ သာမန်အစားအစာထက်  ၇၀  ရာခိုင်နှုန်းခန့် ဈေးနှုန်းပိုမိုပေး၍ ဝယ်ယူလိုကြကြောင်း၊ အာဟာရ ဓာတ်မပြည့်ဝမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် အာဟာရဓာတ်များ အထူးကြွယ်ဝအောင်စီမံထားသည့် မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားသော အစားအစာများသည် အဓိကဖြေ ရှင်းဆောင်ရွက်ချက်တစ်ရပ်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဗီတာမင် A ကြွယ်ဝစေရန်စီမံထားသည့် မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားသော ရွှေဆန် (Golden Rice)သည် သာမန်ဆန် ထက် ထုတ်လုပ်မှုကုန်ကျ စရိတ်သက်သာပြီး အာဟာရဓာတ်ပိုမိုကြောင်း ဘယ်လ်ဂျီယံနိုင်ငံရှိ Ghent University က ပြုလုပ်ခဲ့သည့် ဈေးကွက်လေ့လာမှုစာတမ်းတွင် ဖော်ပြ ထားချက်အရသိရှိရပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့