လာအိုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘဏ္ဍာငွေ ယူရိုသန်း ၆၀ ခန့် ထောက်ပံ့မည့် အီးယူ

   ၂၀၁၄-၂၀၁၅ ခုနှစ်ကာလအတွင်း လာအိုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ကူညီပံ့ပိုးနိုင်ရန် ယူရိုသန်း ၆၀ ခန့် သုံးစွဲသွားရန် လျာထားကြောင်း ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ လ ၈ ရက်နေ့တွင် ဥရောပကော်မရှင် က ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ လာအိုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အီးယူသည် အခြေခံပညာရေး၊ အစားအစာနှင့် အာဟာရ ဓာတ်ဖူလုံေုရး၊ ကောင်းမွန်သော အုပ်ချုပ်မှုခိုင်မာလာစေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးစသည့် ကဏ္ဍများကို ကူညီထောက်ပံ့ပေးမည်ဖြစ်ပါသည်။

  လာအိုနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှရုန်းထွက်နိုင်ရန် ရည်မှန်းချက်ချမှတ်ထားပါသည်။ အီးယူသည် လာအို၏ အဆိုပါရည်မှန်းချက် အကောင်အထည်ဖော်နိုင်ရေး၊ ဆင်းရဲမှုလျော့ချ ရေးနှင့် စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

  လာအိုနိုင်ငံ၏ ကျေးလက်ဒေသများတွင် ဆင်းရဲမှုတိုက်ဖျက်ရေးကိုပံ့ပိုးပေးရန်နှင့် အစားအစာနှင့် အဟာရဓာတ်ဖူလုံရေးကို တိုးတက်စေရန် ကျေးလက်ဒေသစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးသည်မရှိမဖြစ်အရေးပါလှပါသည်။ ထို့ကြောင့် အီးယူသည်ရေရှည်ခံစိုက်ပျိုးရေးနှင့် အစားအစာနှင့် အဟာရဓာတ်ဖူလုံရေးစသည့်ကဏ္ဍများဆိုင်ရာလုပ်ဆောင် ချက်များကို ဘဏ္ဍာငွေပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ အာဟာရဓာတ်အလွန်အမင်းချို့တဲ့လျက်ရှိသော ဆင်းရဲသည့် လူ့အဖွဲ့အစည်းများအနေဖြင့် အရည်အသွေးကောင်းသော အစားအစာများ တစ်နှစ်ပတ်လုံး ရရှိနိုင်စေရေးကိုလည်း အီးယူကပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မပေါက်ကွဲသေးသောစစ်လက်နက်ပစ္စည်းများ ရှင်းလင်းဖယ်ရှားရေးနှင့် ပတ်သက်၍ အီးယူသည် လာအိုနိုင်ငံအား ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ပါသည်။

    ကျောင်းပြန်လည်တက်ရမှုနှင့် ကျောင်းထွက်မှုနှုန်းလျော့ကျစေပြီး အခြေခံပညာရေးကို လူတိုင်းတန်းတူညီမျှရရှိနိုင်စေရေးအတွက်လည်း အီးယူသည် လာအိုနိုင်ငံအားကူညီ ပံ့ပိုးပေးမည်ဖြစ်ပါသည်။ လာအိုနိုင်ငံတွင်ပိုမိုကောင်းမွန်သော ပညာရေး၊ သင်ကြားရေးနှင့် သင်ယူရေးကိရိယာများရရှိနိုင်မှုတိုးတက်လာစေခြင်းဖြင့် ပညာရေးဆိုင်ရာ အရည် အသွေးများမြင့်မားစေရေးကို အီးယူက အဓိကဦးတည်ဆောင်ရွက်မည်ဖြစ်ပါသည်။

   ကောင်းမွန်သော အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးများစသည့် ကဏ္ဍရပ်များနှင့် ပတ်သက်၍ အီးယူသည် လူထုပါဝင်နိုင်မှု တိုးတက်ကျယ်ပြန့် လာစေခြင်း၊ အရပ်ဘက်လူ့အဖွဲ့အစည်းပါဝင် ဆောင်ရွက်နိုင်သည့် ပတ်ဝန်းကျင်တစ်ရပ်အား ဖန်တီးရေးကို ပံ့ပိုးပေးခြင်း၊ လူ့အခွင့်အရေးများနှင့် တရားဥပဒေ စိုးမိုးရေးတို့ အား မြှင့်တင်ဆောင်ရွက်ခြင်းစသည့် နည်းလမ်းများကို အဓိကဦးတည်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

    နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ အီးယူသည် လာအိုနိုင်ငံကို ဆက်လက်ကူညီထောက်ပံ့နိုင်ရန် အဆိုပါ ဘဏ္ဍာငွေများအား လျထားသတ်မှတ်ပေးခြင်းဖြစ် ပါသည်။ လာအိုနိုင်ငံအနေဖြင့် အဆိုပါ နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ကူညီထောက်ပံ့မှုများ အခြားသောအီးယူ၏ အကြောင်းအရာအလိုက်နှင့် ဒေသ အလိုက်အစီအစဉ်များအရ ကူညီထောက်ပံ့မှုများကိုလည်းဆက်လက်ရရှိမည်ဖြစ်ပါသည်။ အကြောင်းအရာအလိုက်နှင့် ဒေသအလိုက်အစီအစဉ်များတွင် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးများ၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု၊ လူသားနှင့် လူမှုရေးရာဖွံ့ဖြိုးတိုးတက်မှု၊ အစားအစာဖူလုံရေး၊ ရေရှည်တည်တံ့မှုရှိသော စွမ်း အင်နှင့် ကုန်သွယ်ရေးစသည်တို့ပါဝင်ပါသည်။

ကိုးကားချက် - European Commission