နယူးဒေလီတွင် အအေးလှိုင်းဖြတ်သန်း ကက်ရှ်မီးယားဒေသတွင် အပူချိန်အနုတ် ၂၁ ံ ဆဲလ်ဆီးယပ်စ်အထိကျဆင်းနေ

  အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် အအေးလှိုင်းဖြတ်သန်းမှုကြောင့် အပူချိန်များကျဆင်းကာ ရထားလမ်းများ ပိတ်ထားခဲ့ရကြောင်းဖြင့် NDTVသတင်းတွင် ဖော်ပြထား သည်။ ဒေလီမြို့၏အပူချိန်သည် ၁၀ ဒီဂရီဆဲလ်ဆီးယပ်စ်သာရှိသည့်အတွက် စံချိန်တင်လောက်သည့်အပူချိန်ဖြစ်နိုင်ကြောင်းဖြင့် ဒေလီမြို့မှ မိုးလေဝသတိုင်းတာရေးမှူးက ပြော ကြားခဲ့သည်။ ဒေလီမြို့မြောက်ပိုင်းတွင် နှင်းများထူထပ်စွာကျရောက်နေမှုကြောင့် ပြေးဆွဲလျက်ရှိသည့် ရထားခရီးစဉ်များကို ရပ်ဆိုင်းထားခဲ့ရသည်ဟုဆိုသည်။

   ထို့ပြင် အိန္ဒိယနိုင်ငံမှအုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသတွင်လည်း အပူချိန်သည် အနုတ် ၂၁ ဒီဂရီဆဲလ်ဆီးယပ်စ်အထိ  ရောက်ရှိနေခဲ့ကြောင်း ဇီးနယူးစ်တွင် ဖော်ပြထား သည်။ ယခုနှစ်ဆောင်းရာသီသည် ဂျမူးနှင့် ကက်ရှ်မီးယားဒေသများတွင် အအေးဆုံးဖြစ်ကြောင်း၊ အပူချိန်များမှာ စံချိန်တင်လောက်အောင်ကျဆင်းလျက်ရှိကြောင်း၊ အအေးလှိုင်း များဖြတ်သန်းကာ နှင်းများထူထပ်စွာကျရောက်လျက်ရှိကြောင်းဖြင့် ကက်ရှ်မီးယားဒေသမှ မိုးလေဝသပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

  ကက်ရှ်မီးယားဒေသမြောက်ပိုင်းရှိ ရေခဲပြင်စကိတ်အပန်းဖြေရာနေရာတစ်ခုဖြစ်သည့် Gulmarg အပန်းဖြေစခန်းသည် ကမ္ဘာလှည့်ခရီးသည်များကို ပိုမိုဆွဲဆောင်နိုင် ခဲ့ကြောင်း၊ ထိုနေရာတွင် အပူချိန်သည် အနုတ် ၁၀ဒီဂရီဆဲလ်ဆီး ယပ်စ်အထိရှိနေကြောင်းဖြင့် ၎င်းကပြောကြားခဲ့သည်။ ထို့ပြင် ကက်ရှ်မီးယားဒေသသည် နောက် ၄၈ နာရီ အတွင်း ပို၍ခြောက်သွေ့သည့်နေရာတစ်ခုဖြစ်လာနိုင်ကြောင်းဖြင့် မိုးလေဝသဌာနမှ တာဝန်ရှိသူတစ်ဦးက ခန့်မှန်းထားသည်။

MTD