ဆန်အမြောက်အမြားပိုလျှံနေခြင်းကို တိုက်ဖျက်ရန် ထိုင်းနိုင်ငံက ထုတ်လုပ်မှုလျှော့ချ

  ထိုင်းနိုင်ငံသည်  ပြည်တွင်း၌ ဆန်ပိုလျှံမှုကိုလျှော့ချရန်နှင့် ဈေးနှုန်းများမြှင့်တင်နိုင်ရန်အတွက် ထုတ်လုပ်မှုလျှော့ချရန်စီစဉ်လျက်ရှိပါသည်။ လယ်သမားများအနေဖြင့် စပါးအစား ကြံပြောင်းလဲစိုက်ပျိုးစေရေးအတွက် အတိုးနှုန်းသက်သာသော ချေးငွေအပါအဝင် မက်လုံးများဖြင့် တိုက်တွန်းအားပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။

   အစားထိုးသီးနှံများ စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ အကောင်းဆုံးနည်းပညာများကို စိုက်ပျိုးသူများအား သင်ကြားပေးနိုင်ရန်ကြိုးပမ်းမည်ဆိုပါက အောင်မြင်နိုင်မှု ရာခိုင်နှုန်းများ မည်ဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် သီးနှံအများစုသည် စပါးထက်စွန့်စားရမှုများသောကြောင့် လယ်သမားများအား စွန့်စားရမှုဆိုင်ရာ စီမံဆောင်ရွက်မှု နည်းလမ်း များကို ပံ့ပိုးပေးရန် အရေးကြီးကြောင်း စိုက်ပျိုးရေးအဖွဲ့ ဗန်ကောက်အခြေစိုက် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) မှ စီးပွားရေးပညာရှင် Mr.David Dawe ကပြောကြားခဲ့ပါသည်။

   ပြည်တွင်းစားသုံးမှု၊ ပြည်ပတင်ပို့မှုတို့နှင့် ဟန်ချက်ညီစေရန်စပါးထုတ်လုပ်မှုကိုလျှော့ချရန် ရည်ရွယ်ထားကြောင်း၊ လယ်ယာစိုက်ပျိုးရေးဒုတိယဝန်ကြီး Mr.Apichat ကပြော ကြားခဲ့ပါသည်။ ဆန်ထုတ်လုပ်မှုကို ၂၀၁၆-၂၀၁၇ သီးနှံရာသီတွင် တန်ချိန် ၃၃ ဒသမ ၇ သန်းအထိ လျှော့ချရန် ရည်မှန်းထားပါ သည်။ ပျမ်းမျှအားဖြင့် ပြီးခဲ့သည့် ၆ နှစ် အတွင်း ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၃၅ ဒသမ ၁ သန်း ရှိခဲ့ပါသည်။

   အစိုးရအနေဖြင့် စိုက်ပျိုးမြေရိုင် သုည ဒသမ ၄ ရိုင် ခန့် (ဧကလေးသောင်း) ၌ ခြောက်သွေ့ရာသီအတွင်း စပါးစိုက်ပျိုးခြင်းမပြုရန် ရည်ရွယ်ထားပါသည်။ စီမံကိန်းအရထုတ် လုပ်ရန် ရည်ရွယ်ထားသည့် တန်ချိန် ၃၃ ဒသမ ၇ သန်း သည် ၂၀၀၉-၂၀၁၀ ရာသီ၌ ထွက်ရှိခဲ့သည့် ပမာဏခန့်ဖြစ်ကြောင်း၊ ခန့်မှန်းထားသည့် ပိုလျှံမှုသည် ၂၀၁၆-၂၀၁၇ ရာသီ၌တန်ချိန် ၁ ဒသမ ၁ သန်းသို့ လျော့နည်းသွားမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ရာသီတွင်တန်ချိန် ၂ သန်းသို့ကျဆင်းသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဗန်ကောက်မြို့