အခွန်ဆိုင်ရာဥပဒေမူကြမ်းများကို ပြင်ဆင်ရန် ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနကအဆိုပြု

   မြေယာနှင့်အဆောက်အအုံ အခွန်ဆိုင်ရာ ဥပဒေမူ ကြမ်းများ၊ ယစ်မျိုးခွန် (Excise Tax) နှင့် အကောက်ခွန်ဥပဒေ (Customs code) ပြင်ဆင်ချက် များ၊ အမျိုးသား စုဆောင်း ရန်ပုံငွေ (National Savings Fund) စသည်တို့အတွက် ယခုလအတွင်း အစိုးရ၏ အတည်ပြုချက်ရရှိရန် ကြိုးပမ်းမည်ဖြစ်ပါသည်။

  အထက်ဖော်ပြပါ ဥပဒေမူကြမ်းသုံးခုသည် စတင် အသက်ဝင်/အကျိုးသက်ရောက်ပါက အခွန်ပေးဆောင်သူများအကြားမျှတမှုကို မြင့်တက်စေနိုင် ပြီး၊ နိုင်ငံတော်ဘဏ္ဍာတိုက် (State coffers) အတွက် အထောက်အကူဖြစ်စေနိုင် ကြောင်း၊ (ယစ်မျိုးခွန်နှုန်းထား ပြင်ဆင်ခြင်း မပြုရသေးလျှင်ပင်) ယစ်မျိုးခွန်ဥပဒေပြင်ဆင်ချက်ကို အတည်ပြုပြီးပါက နိုင် ငံတော်၏ အခွန်ဘဏ္ဍာတိုးတက်လာမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sr. Wisudhi က ပြောကြားခဲ့ပါသည်။

   လက်ရှိ ယစ်မျိုးခွန်သည် စက်ရုံ ရောင်းဈေးနှုန်းအပေါ်အခြေခံကြောင်း မြေယာနှင့်အဆောက်အအုံအခွန် အမြင့်ဆုံးနှုန်းများမှာ လယ်ယာစိုက်ပျိုးရေး သုံးမြေအတွက် ၅ ရာခိုင်နှုန်း၊ အိမ်ရာအတွက် ၁ ရာခိုင်နှုန်းနှင့် စီးပွားရေးလုပ်ငန်းသုံးအတွက် ၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အသုံးမပြုသော မြေ သို့မဟုတ် မြေလွတ်များကို သုံးနှစ်ကြာတိုင်း အဆင့် ဆင့်မြင့်တက်သောနှုန်းထား (progressive rate) ဖြင့် ကောက်ခံမည်ဖြစ်ကြောင်း၊ သို့ရာတွင် (ရာပြတ်) တန်ဖိုး၏ ၄ရာခိုင်နှုန်းထက်ကျော်မည်မဟုတ်ကြောင်းသိရှိရပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘန်ကောက်မြို့