မလေးရှားစီးပွားရေးဖွံ့ဖြိုးမှုအတွက် ပုဂ္ဂလိကစားသုံးမှုကအဓိက မောင်းနှင်အားဖြစ်

   ပုဂ္ဂလိကစားသုံးမှုကြောင့်ဖြစ်ပေါ်လာမယ့်  ပြည်တွင်းဝယ်လိုအားက ယခုနှစ်မလေးရှားစီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း မလေးရှားဗဟိုဘဏ် (Bank Negara) ရဲ့  ၂၀၁၄ နှစ်ပတ်လည် အစီ ရင်ခံစာကို ကိုးကားပြီးစတားအွန်လိုင်းသတင်းမှာဖော်ပြထားပါတယ်။

   ပြည်ပမှာဖြစ်ပေါ်နေတဲ့  အကျပ်အတည်းတွေနဲ့ မကြာမီပြဋ္ဌာန်းတော့မယ့် အိမ်ထောင်စုအသုံးစရိတ်အတွက် ကုန်စည်နှင့် ဝန်ဆောင်မှုခွန်ရှိနေပေမယ့် ယခုနှစ်အတွင်းမှာ မလေးရှားစီးပွားရေးက ပုံမှန်အတိုင်းတိုးတက်လာလိမ့်မယ်လို့ ဗဟိုဘဏ်ကခန့်မှန်းထားပါတယ်။

   ရည်မှန်းချက်ထားတဲ့  အဖွဲ့တွေကို  အစိုးရကပေးမယ့်  ကူညီရေး အစီအမံတွေနဲ့     အလုပ်သမားဈေးကွက် အခြေအနေကောင်းမွန်မှုကြောင့် ကုန်စည်နဲ့  ဝန်ဆောင်မှုခွန်၊ အိမ်ထောင်စု အသုံးစရိတ်အပေါ်ကျရောက်လာမယ့် အကျိုးသက်ရောက်မှုတွေကိုသက်သာခွင့်ရစေနိုင်ပါတယ်။ စွမ်းအင်အတွက် ကုန်ကျစရိတ်နဲ့  အစားအစာဈေးနှုန်းတွေကျ ဆင်းမှုကြောင့် ယခင်နှစ်နဲ့နှိုင်း ယှဉ်ရင် ငွေကြေးဖောင်းပွမှုနှုန်းကလည်းကျဆင်းနိုင်ပါတယ်။

   ပို့ကုန်ဘက်ကိုဖြည့်ရင် မတည်ငြိမ်မှုတွေရှိနေပေမယ့်တိုးတက်လာမယ်လို့ခန့်မှန်းထားတဲ့အမေရိကန်စီးပွားရေးနဲ့ ဒေသတွင်းရှိ စီးပွားရေးတွေ ရေရှည်တိုးတက်မယ့် အလား အလာတွေကနိုင်ငံရဲ့  ပို့ကုန်လုပ်ငန်းကိုမြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ စွမ်းအင်ဈေးတွေကျဆင်းနေတဲ့အတွက် ရေနံတင်သွင်းတဲ့  နိုင်ငံတွေရဲ့ ဝယ်လိုအားမြှင့်တက်လာစေ လိမ့်မယ်လို့ခန့်မှန်းထားပါတယ်။

   သတ္တုတူးဖော်ရေးကဏ္ဍ  ရင်းနှီးမြှုပ်နှံမှုကျဆင်းမှုနဲ့ ကုန်ချောထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကျဆင်းတဲ့အတွက် ပုဂ္ဂလိက ကဏ္ဍရဲ့ ရင်းနှီးမြှုပ်နှံမှု ကျဆင်းမယ်လို့  ဗဟိုဘဏ်ကခန့်မှန်းထားပါတယ်။

ဉာဏ်တင်