ကွန်ရက်ကိုဖြန့်ကြက်ဖို့ အာဆီယံ အက်စ်အမ်အီးတွေကိုတိုက်တွန်း

    ဒေသတွင်းမှာရှိနေတဲ့အခွင့်အလမ်းအားလုံးကိုအသုံးပြုပြီးမိမိတို့ရဲ့ကွန်ရက်ကိုတိုးချဲ့နိုင်အောင်ကြိုးစားကြဖို့နဲ့ဒေသကြီးတစ်ခုလုံးဖွံ့ဖြိုးမှုကိုအထောက်အကူဖြစ်အောင်ဆောင် ရွက်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာရှိတဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း (အက်စ်အမ်အီး) တွေကို တိုက်တွန်းပါတယ်။

  အာဆီယံဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းကဏ္ဍအားလုံးမှာရှိတဲ့ အက်စ်အမ်အီးများက စီးပွားရေးဖွံ့ဖြိုးမှုတွန်းအားပေးအင်ဂျင်စက်အဖြစ် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေကြောင်း SME Corp Malaysia ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်သူ တန်ဆရီအာ (ဒေါက်တာ) မိုဟာမက်အယ်လ်အာမင်အဗ္ဗဒူမာဂျစ်က ပြောပါတယ်။

   ၂၀၁၅ ခုနှစ်အကုန်မှာ အာဆီယံ စီးပွားရေးအသိုက်အဝန်း(အေအီးစီ)ကို အောင်မြင်စွာ အကောင်အထည်ဖော်တော့မှာဖြစ်ပါတယ်။ ဒီကာလမတိုင်မီမှာကြိုတင်ပြီး အက်စ် အမ်အီးတွေ  ပြည့်ပြည့်၀၀ တိုးတက်မှုရှိဖို့လိုအပ်ကြောင်း  သူက ပြောပါတယ်။ အေအီးစီက အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို အပြည်ပြည်ဆိုင်ရာ အဆင့် ထိ တိုးတက်အောင်ဆောင်ရွက်သွားဖို့ ရည်မှန်းချက်ရှိတဲ့အပြင် အာဆီယံဒေသကို ရင်းနှီးမြှုပ်နှံမှုအတွက်ဆွဲဆောင်မှုရှိတဲ့ ဒေသအဖြစ်ဆောင်ရွက်ဖို့ရည်မှန်းထားပါတယ်။

   ''အာဆီယံဒေသရဲ့ လူဦးရေက သန်း၆၀၀ ကျော်ရှိပါတယ်။ ဒေသတွင်းမှာရှိတဲ့ စီးပွားရေးဖြစ်ထွန်းနိုင်တဲ့ အလား  အလာကလည်း ကြီးမားပါတယ်။ ကဏ္ဍအလိုက်ကြည့်မယ် ဆိုရင်လည်း ကုန်ထုတ်လုပ်မှုအခန်းကဏ္ဍမှ ဝန်ဆောင်မှုတို့ အပြင်အခြားကဏ္ဍတွေလည်း စုံစုံလင်လင်ပါဝင်လျက်ရှိနေပါတယ်' လို ဘာနားမားသတင်းဌာနနဲ့တွေ့ဆုံမေးမြန်း ခန်းမှာ သူကပြောပါတယ်။

ဉာဏ်တင်