သွင်းကုန်ကြေညာလွှာထက်ပိုမိုသယ်ဆောင်လာတဲ့ စပျစ်သီးများသိမ်းဆည်း

   မတ်လ ၂၈ ရက် ၁၉း၀၀ ချိန်တွင် မြဝတီမှ ရန်ကုန်သို့ ထွက်ခွာလာသော ဂျူတီယာဉ်အား တရားမဝင်ကုန်သွယ်မှုတား ဆီးထိန်းချုပ်ရေးလှုပ်ရှားအဖွဲ့ Mobile Team လရ-၂ အဖွဲ့ ယာယီအခြေပြုရာ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်သို့ ဝင်ရောက်စစ်ဆေးခံရာမှာ သွင်းကုန်လိုင်စင်နဲ့ အကောက်ခွန်သွင်းကုန် ကြေညာလွှာထက် ပိုမိုတင်ဆောင် လာသော စပျစ်သီး ၁၈၀ ကီလိုဂရမ်ကို သိမ်းဆည်းခဲ့ရပါတယ်။ ပုပ်သိုးပျက်စီးလွယ်ပစ္စည်းများ ဖြစ်သဖြင့် ကြမ်းခင်းဈေးသတ်မှတ်ရေးအဖွဲ့၊ လေလံတင်ရောင်းချရေးအဖွဲ့များ ဖွဲ့စည်းပြီး မတ်လ ၂၉ ရက်နေ့မှာ လေလံတင်ထုခွဲရောင်းချခဲ့ပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။ စပျစ်သီး ၁၈၀ ကီလိုဂရမ်ကို လေလံတင်ရာမှာ ကျပ် ၂၁၆၀၀၀ နဲ့ လေလံအောင်ခဲ့ တယ်လို့သိရပါတယ်။

DCCA