ထိုင်းနိုင်ငံတွင် ပူပြင်းခြောက်သွေ့မှုများကြောင့် လယ်မြေများတွင်ရေပြတ်လပ်မှုများ ဖြစ်ပေါ်

  ထိုင်းနိုင်ငံတွင် ပူပြင်းခြောက်သွေ့မှုများကြောင့် လယ်မြေများတွင် ရေပြတ်လပ်မှုများဖြစ်ပေါ်ခဲ့ရာ လယ်မြေဧကပေါင်းများစွာ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရကြောင်း ဗန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

   ပူပြင်းခြောက်သွေ့မှုများကြောင့် ကျေးရွာပေါင်း ၁၅၉ရွာမှ အိမ်ထောင်စုပေါင်း ၂၇၆၀၀၀ မှာ ရေပြတ်လပ်မှုများဖြစ်ပေါ်လျက်ရှိသည်ဟုဆိုသည်။ ဖူးခက်ခရိုင်တွင်ရှိသည့် ဖူး ခက်လိပ်ပြာပန်းခြံနှင့်  ဘန်ဝပ်ရေလှောင်တမံတို့တွင် ရေသိုလှောင်ထားရှိမှု ပမာဏနည်းပါးလာပြီဖြစ်ကြောင်း ဖူးခက်မြို့တော်ဝန် Somjai Suwansupana က ပြောကြားခဲ့ သည်။

   ဖူးခက်လိပ်ပြာပန်းခြံအတွင်းရှိ ရေလှောင်တမံတွင် ရေသိုလှောင်ထားမှုပမာဏမှာ ကုဗမီတာ ၇၂၀၀၀ သာရှိတော့သည်ဟု ၎င်းကပြောကြားခဲ့သည်။ အဆိုပါပမာဏမှာ ရေ သိုလှောင် နိုင်မှုပမာဏ၏ ၃၄ ရာခိုင်နှုန်းသာရှိကြောင်းဖြင့်ပြောကြားခဲ့သည်။

  ဘန်ဝပ်ရေလှောင်တမံတွင်မူ ရေသိုလှောင် ထားရှိမှုပမာဏမှာ သန်းပေါင်း ၂ ဒသမ ၅၈ ကုဗမီတာသာရှိတော့ကြောင်း၊ အဆိုပါရေလှောင် တမံသည် ရေကုဗမီတာ သန်းပေါင်း ၁၀ ဒသမ ၆ အထိ ဝင်ဆံ့သည့်ရေလှောင်တမံဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပူပြင်းခြောက်သွေ့မှုသည် ကာလကြာရှည်မည်ဖြစ်သဖြင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုများကို ယခုအချိန်ကစတင်၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

မယ်သီတာ