လျှပ်စစ်ဆိုင်ရာသံမဏိတင်သွင်းမှုများ အပေါ်တန်ပြန်စုပုံခွန်ကောက်ခံရန် ဥရောပကော်မရှင်အဆိုတင်သွင်းမည်

   အီးယူအနေဖြင့် ရုရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့်ကိုရီးယားနိုင်ငံတို့မှ တင်သွင်းလာသည့် Grain-oriented Electr- ical Steel (GOES)  များအပေါ် တန်ပြန်စုပုံခွန် (Anti dumping duties) အား ၂၀၁၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှစတင်၍ သတ်မှတ်ကောက်ခံရန် အဆိုပြုချက်အား ဧပြီလနောက်ဆုံးပတ်တွင် ဥရောပ ကော်မရှင်မှ အီးယူအဖွဲ့ဝင်နိုင်ငံများသို့တင်ပြရန် အစီအစဉ်ရှိကြောင်းသိရှိရပါသည်။

  ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် ဥရောပသံမဏိထုတ်လုပ်သူများအသင်းကတင်သွင်းခဲ့သည့် တိုင်ကြားစာအရ ဥရောပကော်မရှင်သည် ရုရှားနိုင်ငံမှ တင်သွင်းလာသည့်  GOES အပေါ် အခွန် ၂၁ ဒသမ ၆ ရာခိုင်နှုန်းခန့်နှင့် ဂျပန်နိုင်ငံမှ တင်သွင်းလာသည့် ွဥနှ အပေါ် အခွန် ၃၅ ဒသမ ၉ ရာခိုင်နှုန်းခန့်ကောက်ခံရန် ရည်မှန်းထားပါသည်။ ထို့အပြင် တရုတ်နိုင်ငံမှ ၂၈ ဒသမ ၇ ရာခိုင်နှုန်း၊ အမေရိကန်ပြည်ထောင်စု ၂၂ ရာခိုင်နှုန်းနှင့် ကိုရီးယားနိုင်ငံ မှ ၂၂ ဒသမ ၈ ရာခိုင်နှုန်းတို့ဖြင့် တင်သွင်းလာသည့် GOES များအပေါ် တွင်လည်း အခွန်နှုန်းများသတ်မှတ်ကောက်ခံသွားရန်စီစဉ်ထားပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့