ထိုင်းနိုင်ငံ စီးပွားရေးတိုးတက်မှုအတွက် စွန့်စားရမှု မြင့်တက်

မူဝါဒအတိုးနှုန်းကို နှစ်ကြိမ် ဆက်တိုက် လျှော့ချခဲ့သော်လည်း မေလ၌ ထိုင်းနိုင်ငံ၏ စီးပွားရေးပြန် လည်နာလန်ထူလာမှုသည် အားပျော့ နှေးကွေးနေဆဲဖြစ်ပါသည်။ ကမ္ဘာ့ စီးပွားရေး မသေချာမှုနှင့်ပြည်တွင်းတွင် မိုးခေါင်နေခြင်းတို့သည် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အကျ ဘက်သို့ ဦးတည်လျက်ရှိနေကြောင်း သတင်းတွင်ဖော်ပြသည်။တရုတ်နိုင် ငံ၏  စီးပွားရေးတိုးတက်မှုသည် မျှော်လင့်သည်ထက် နှေးကွေးလျက်ရှိနေသဖြင့် ထိုင်းနိုင်ငံ၏ စီးပွားရေးအပေါ် အကျိုးသက် ရောက်မှု ရှိနိုင်ကြောင်း၊ ဂရိနိုင်ငံ၏   ကြွေး မြီပြဿနာကို အခြေ ခံသော ခြိမ်းခြောက်မှုဒဏ်ကို ငွေကြေးဈေးကွက်များသည် အတိုင်းအတာတစ်ခု အထိ ကာကွယ်ခဲ့ကြကြောင်း ဗဟိုဘဏ်မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။ဗဟိုဘဏ် အနေဖြင့် မတ်လနှင့် ဧပြီလများတွင် မူဝါဒ အတိုးနှုန်းကို နှစ် ကြိမ်ဆက်တိုက်လျှော့ချခဲ့ပြီး ဇွန်လ ၁၀ ရက်ကပြုလုပ်သည့် အစည်း အဝေးတွင် မူဝါဒအတိုးနှုန်းကို  ၁ ဒသမ ၅ ရာခိုင်နှုန်း မှာပင် ထားရှိရန် ဆုံးဖြတ်ခဲ့ ပါသည်။ မူဝါဒအတိုးနှုန်း လျှော့ချပေးခဲ့သည်မှာ နှစ်လသာလျှင် ရှိသေးရာ ထိုင်းနိုင်ငံဗဟိုဘဏ် ငွေကြေးမူဝါဒ၏ စီးပွားရေးအပေါ် အကျိုး သက်ရောက်မှုကို ထင်ရှားစွာ တွေ့မြင်နိုင်ရန် အချိန်ယူရမည်ဖြစ်ပါသည်။မေလ၌ မျှော်မှန်းသည် ထက် လျော့နည်းခဲ့သော ပြည်ပတင်ပို့မှု၊ ဆယ်နှစ်ကျော်အတွင်း အဆိုးရွားဆုံး ဖြစ်သည့် မိုးခေါင်မှု ၊ ပြည်တွင်းသုံးစွဲမှု  နည်းပါးခြင်း စသည်တို့ကြောင့် ဘဏ္ဍာရေးဝန်ကြီးဌာနရှိ  ဘဏ္ဍာရေး မူဝါဒ ဌာနသည် ၎င်းင်း၏စီးပွားရေးတိုးတက်မှု နှုန်းခန့်မှန်းချက်ကို လျှော့ချ မည်ဖြစ်ကြောင်း၊ သို့သော် ၎င်းင်း၏ခန့်မှန်းချက် အသစ်သည် ၃ ရာခိုင်နှုန်း အောက် လျော့နည်းဖွယ်မရှိကြောင်း သိရှိရပါသည်။
ရီရီမွန်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ဗန်ကောက်မြို့