အမေရိကန်နိုင်ငံနှင့်ဘရာဇီးနိုင်ငံတို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးတွဲကြေညာချက် ထုတ်ပြန်

အမေရိကန်သမ္မတအိုဘားမား နှင့်ဘရာဇီးသမ္မတDilma Rousseff  တို့သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးတွဲကြေညာချက်(Joint Statement on Climate Change)  ကို ၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့ပါ သည်။ အမေရိကန်နိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့၏ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များသည် နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ခြင်း အဖြစ်သာမက ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင် သဘောတူညီချက်(UN Framework Convention on Climate Change-UNFCCC)  အရလည်း ကတိကဝတ်ပြု ဆောင်ရွက်ခြင်းဖြစ် ပါသည်။
ထို့အပြင် အမေရိကန်နိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့သည် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးတွဲလုပ်ငန်းစဉ်(Joint Initiative on Climate Change)  ကို အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းစဉ်အရ သစ် တောများ၊ စိုက်ပျိုးရေးနှင့်မြေ အသုံးပြုမှုတို့ကြောင့် ရာသီဥတု ပြောင်း လဲမှုများ ဖြစ်ပေါ်နေရခြင်းကို လျှော့ချနိုင်ရေးအတွက် သစ်တောပြုန်း တီး မှုမှ ကာကွယ်ခြင်း၊ ရေရှည်တည်တံ့သည့် သစ်တောစီမံခန့်ခွဲမှုနှင့်သစ်တောထိန်းသိမ်းခြင်း၊ ဂေဟစနစ် ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို အားပေး ခြင်း၊ လယ် သမားများ၏ ဝင်ငွေ တိုးမြင့်စေရန် ဆောင်ရွက်ခြင်းစသည် တို့ကို ဆောင်ရွက်မည် ဖြစ်ပါသည်။
သန့်ရှင်းသောစွမ်းအင်ကဏ္ဍတွင်လည်း ပြန်လည်ပြည့် ဖြိုးမြဲစွမ်းအင်၊ စွမ်းအင်ကို ထိရောက်စွာ အသုံးပြုရေး၊ အခြေခံစွမ်းအင်သုတေသန၊ နျူကလီးယားစွမ်းအင်ထုတ်လုပ် မှု စသည့် ကဏ္ဍများ တွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ကြ မည်ဖြစ်ပါသည်။ လေ၊ နေရောင်ခြည်နှင့်ဘူမိအပူစွမ်းအင် တို့ကို အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်မှုကို ၂၀၃၀ ခုနှစ်တွင် မိမိတို့နိုင်ငံ၏ လျှပ်စစ် ထုတ်လုပ်မှု စုစုပေါင်း၏ ၂၀ ရာခိုင် နှုန်းသို့ ရောက်ရှိပြည့်မီအောင် ဆောင်ရွက်ရန် ကတိပြုကြ ကြောင်း သိရှိရပါသည်။
အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဝါရှင်တန်မြို့