ထိုင်းလေကြောင်းလိုင်းများအား အမေရိကန်သို့ ပျံသန်းခွင့် တားမြစ်

         အမေရိကန် လေကြောင်းဦးစီး ဌာန (Federal Aviation Admini- stration _ FAA) သည် ထိုင်းနိုင်ငံအား ၎င်းင်း၏လေယာဉ်ပျံသန်းမှု လုံခြုံရေး စံချိန်စံညွှန်းများတွင် အားနည်း ချက်/ ချို့ယွင်းချက်များ ရှိနေသည်ကို ဖြေရှင်းရန် အချိန် ၆၅ ရက်ပေးထားကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး  Mr. Prajin ကပြောကြားခဲ့ပါသည်။ သတ်မှတ်ချိန်အတွင်း ချို့ယွင်းချက် များကို ပြင်ဆင်နိုင်ခြင်းမရှိပါက ထိုင်းလေယာဉ်များသည် အမေရိကန်သို့ ပျံသန်းမှုတားမြစ်ခြင်းကို ရင်ဆိုင်ရမည်ဖြစ်ပါသည်။ FAA သည် ထိုင်းနိုင်ငံ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန (Department of Civil Aviation _DCA) ၏ ဆောင်ရွက်မှုများကို ဇူလိုင်လ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ငါးရက်ကြာ စစ်ဆေးခဲ့ပါသည်။  Thai Airways International ESifh  Bangkok Airways   တို့ကိုလည်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
         အပြည်ပြည်ဆိုင်ရာ လေကြောင်း ပို့ဆောင်ရေးအဖွဲ့(Civil Aviation Organi- zation _ICAO) )က ချို့ယွင်းအားနည်းချက်များကို  ပြင်ဆင်ရန် ထိုင်းနိုင်ငံအား ရက်ပေါင်း ၉၀ ပေး ခဲ့သော်လည်း  DCA အနေဖြင့် သတ်မှတ်ရက်များအတွင်း ပြင်ဆင် နိုင်ခြင်းမရှိခဲ့သောကြောင့် ICAO မှ ထိုင်းနိုင်ငံ၏ လေကြောင်းပို့ဆောင် ရေးသည် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမ ရှိကြောင်း၊ အနီရောင်အလံအမှတ်အသားပြ၍ သတ်မှတ်ခဲ့ပြီးနောက်ပိုင်း FAA မှ စစ်ဆေးမှုများ ပြုလုပ်လာခြင်း ဖြစ်ပါသည်။FAA မှ စစ်ဆေးတွေ့ရှိချက် များ ကို DCA ညွှန်ကြားရေးမှူးချုပ် အား နှုတ်ဖြင့် သတင်းပို့ပြီးဖြစ်ကြောင်း၊ လာမည့်ရက်ပေါင်း ၃၀ အတွင်း DCA သို့ တရားဝင်စာပို့ဖြင့် ပေးမည်ဖြစ် ကြောင်း၊ FAA ၏ စစ်ဆေးတွေ့ရှိချက်များတွင်  လေကြောင်းလိုင်း များ၌ လေယာဉ်ဘေးကင်းလုံခြုံမှု စစ်ဆေး ရန်   ဝန်ထမ်းလုံလောက်မှုမရှိခြင်း (ICAO မှလည်း တင်ပြသည့် စိုးရိမ်မှု) DCA ၏စစ်ဆေးရာတွင် အချို့သော နည်းလမ်းများ သည်  ခေတ်မမီြ ခင်း စသည်တို့ပါဝင်ကြောင်း သိရှိရပါသည်။ သတ်မှတ်ရက်ပြည့်ပါက FAA  သည် ၎င်းင်း၏နောက်ဆုံးအကြိမ် စစ်ဆေးမှုကို ရက်ပေါင်း ၃၀အတွင်းအပြီးသတ်၍ ထိုင်းနိုင်ငံ၏ လေကြောင်း ပို့ဆောင်ရေး စံချိန်စံညွှန်းများအပေါ် တရားဝင် အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ပေးမည်ဖြစ်ပါသည်။
         DCA သည် FAA ၏ စံချိန်စံညွှန်းများနှင့်ကိုက်ညီပါက အုပ်စုတစ်အဆင့် သတ်မှတ်ပေးမည်ဖြစ်ပါသည်။ အုပ်စုတစ်အဆင့် သတ်မှတ်ပါက ထိုင်း လေယာဉ်များ (Thai-registered carriers) အနေဖြင့် အမေရိကန်သို့ ပုံမှန်အတိုင်း ဆက်လက်ပျံသန်းနိုင်မည် ဖြစ်ပါသည်။ FAA ၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းမရှိပါဘဲ အုပ်စုနှစ်အဆင့် သတ်မှတ်ခြင်းခံရမည်ဆိုပါက ထိုင်း နိုင်ငံအနေဖြင့် ဝန်ဆောင်မှုအသစ် စတင်ခြင်း (လေကြောင်းပို့ဆောင်မှုခရီး စဉ်သစ် စတင်ခြင်း) ပြုလုပ်နိုင်မည် မဟုတ်ကြောင်း၊ အားနည်းချက်များကို ပြုပြင်နေသည့် ကာလအတွင်း လက်ရှိ ဝန်ဆောင်မှုများကိုလည်း ကန့်သတ် ထားမည်ဖြစ်ကြောင်း သိရှိရပါသည်။DCA အနေဖြင့် ချို့ယွင်းအား နည်းချက်များကို ပြုပြင်ရန် ကြိုးပမ်း မည် ဖြစ်ကြောင်း၊၎င်းတို့၏ ဆောင်ရွက် မှုများကို FAA သို့ ပုံမှန်အသိပေး အကြောင်းကြား မည်ဖြစ်ကြောင်း၊ ပြဿနာဖြေရှင်းရန် သန္နိဋ္ဌာန်ချ ကြိုးပမ်းဆောင်ရွက် မှုများကြောင့် ထိုင်းနိုင်ငံသည် အဆင့်လျော့ကျသွားမည် မဟုတ်   ကြောင်း၊ FAA  က ထိုင်း လေကြောင်းလိုင်းများအား အုပ်စုနှစ် အဖြစ် သတ်မှတ်မည်ဆိုပါကလည်း အမေရိကန်သို့ ပျံသန်းပြေးဆွဲနေသည့် ထိုင်းလေယာဉ်များအပေါ်သာ အကျိုး သက်ရောက် မှုရှိမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများတွင် ကွဲပြားသော လေကြောင်းပို့ဆောင်ရေး စံချိန်စံညွှန်း များ ရှိသောကြောင့် ဖြစ်ကြောင်း ထိုင်း နိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး Mr. Prajin ကပြောကြားခဲ့ပါသည်။ FAA ၏ နောက်ဆုံး စစ်ဆေးချက်သည် ထိုင်းနိုင်ငံအတွက် အခြေ အနေမကောင်းပါက Thai Airways သည် ဖြေရှင်းရန် နည်းလမ်းရှိပြီးဖြစ်ကြောင်း၊ ၎င်းင်း၏ဖောက်သည်များကို Star Alliance အဖွဲ့ဝင်များဖြစ်သော လေကြောင်းလိုင်းများသို့ လွှဲပြောင်းပေး ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ရီရီမွန် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့