အမေရိကန်နိုင်ငံတွင် မေလအတွင်းက နိုင်ငံတကာခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံထိ ရောက်ရှိ

     အမေရိကန်နိုင်ငံတွင် ၂၀၁၅ ခုနှစ်၊ မေလ၌ ခရီးသွားများ၊ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် လုပ်ငန်းများမှတစ်ဆင့် ခရီးသွားများသုံးစွဲမှုသည် ဒေါ်လာ ၁၈ ဘီလီယံဖြစ်ကြောင်း ကူးသ န်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Ms. Penny Pritzker က  ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း နိုင်ငံတကာခရီးသွားများ ၏ အမေရိကန်နိုင်ငံအတွင်း သုံးစွဲမှုမှာ ဒေါ်လာ ၉၃ ဘီလီယံဖြစ်ကြောင်းနှင့် ခရီးသွားလုပ်ငန်းမှရရှိသည့် ဝင်ငွေသည် အလုပ်အကိုင်စုစုပေါင်း တစ်သန်းကျော်ကို လုပ်အားခများပေးချေနိုင် ခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။

အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဝါရှင်တန်မြို့၊