ပို့ကုန်ထောက်ပံ့ကြေးပေးတာကို အဆုံးသတ်ဖို့ ချမ်းသာတဲ့နိုင်ငံတွေက ဒဗလျူတီအိုအစည်းအဝေးမှာ သဘောတူ

ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်ရေး  ဆွေးနွေးပွဲတွေကို ၁၄ နှစ်ကြာ ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တဲ့တိုင်အောင် ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပေမယ့် ကင်ညာနိုင်ငံနိုင်ရိုဘီမြို့မှာကျင်းပတဲ့ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့(ဒဗလျူတီအို)ဝန်ကြီးအဆင့်အစည်းအဝေးကို တက်ရောက်လာကြတဲ့ စေ့စပ်ညှိနှိုင်း ရေးမှူးတွေကလယ်ယာစိုက်ပျိုးရေးထုတ်ကုန်တွေ တိုက်ရိုက်တင်ပို့ ရာ မှာ ထောက်ပံ့ ကြေးပေးတာကိုရပ်ဆိုင်းဖို့ သဘောတူခဲ့ကြကြောင်း အိုင်းရစ် အိပ်စ်မိုင်းနား ဝက်ဘ်ဆိုက်သတင်းမှာဖော်ပြထားပါတယ်။ပို့ကုန်ထောက်ပံ့ကြေးပေး တာကို ဖွံ့ဖြိုးပြီးနိုင်ငံတွေ က ချက်ချင်းဖျက် သိမ်းပေးမှာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပို့ကုန်တိုက်ရိုက်  ထောက်ပံ့ကြေး ပေးမှုကို ၂၀၁၈ ခုနှစ်မှာအပြီးသတ်ရပ်ဆိုင်းပေးမှာဖြစ်ကြောင်း   ဝန်ကြီး အဆင့်အစည်း အဝေးအပြီး ကြေညာချက်မှာ ဖော်ပြပေးထားပါတယ်။''ပို့ကုန်ယှဉ်ပြိုင်မှုနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်က တကယ်ကိုထူးခြား တဲ့ ဆုံး ဖြတ်ချက်ဖြစ်ပါတယ်'' လို့ ဒဗလျူတီအို ညွှန်ကြားရေးမှူး ချုပ် ရောဘတ်တို အဇယ်ဗယ်ဒိုကအစည်းအဝေးမှာ ပြောပါတယ်။ထုတ်ပြန်တဲ့ ကြေညာချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံတွေက အထူးကာကွယ် ရေးယန္တရားကို အသုံးပြုခွင့်ရမှာဖြစ်ပြီး ဒီအခွင့် အရေးအရ သွင်းကုန်တွေ အဆမတန် မြင့်တက်မှုနဲ့ဈေးနှုန်းကျဆင်းနေတာကို ကာကွယ်ဖို့အတွက် အခွန်နှုန်းတွေကို ယာယီတိုးမြှင့်ခွင့်ရရှိမှာဖြစ်ပါတယ်။ အဆိုပါအခွင့်အရေး အရ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံတွေကကုန်ပစ္စည်းတွေ တင်ပို့တဲ့အခါ ဈေး ကွက်မှာ ရောင်းချနိုင်ဖို့အတွက် အထူးအခွင့်အရေးတွေကို ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။နယ်စပ်ဖြတ်ကျော်ဆောင် ရွက် တဲ့ ကူးသန်းရောင်းဝယ်မှုကို လှုံ့ဆော် အားပေးခြင်းဖြင့် ကမ္ဘာ့ကုန်သွယ်မှုမှာ ယူရိုဘီလီယံပေါင်းများစွာ ထပ်မံ တိုးတက်အောင် ဆောင်ရွက်ဖို့ရည်ရွယ်ချက်နဲ့ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်က စတင်ခဲ့တဲ့ ဒိုဟာဆွေးနွေး ပွဲရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး  နောက်ဆုံးထုတ်ပြန်တဲ့ ကြေညာချက်မှာ သဘောတူညီမှုမရရှိခဲ့ပါ ဘူး။အထူးသဖြင့် ဖွံ့ဖြိုးပြီးကမ္ဘာမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ ပတ် သက်တဲ့ ထောက်ပံ့ကြေးပေးနေတဲ့ ကိစ္စတွေမှာ ချမ်းသာတဲ့နိုင်ငံတွေနဲ့ ဆင်းရဲ တဲ့နိုင်ငံတွေအကြား သဘောထားကွဲလွဲမှုတွေ ရှိခဲ့တဲ့အတွက် ကုန်သွယ်ရေး ဖွံ့ဖြိုးမှုနဲ့ ပတ်သက်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လိမ်ခဲတည်းလည်း ဖြစ်ခဲ့ရကြောင်း ကြေညာချက် မှာဖော်ပြထားပါတယ်။