သြစတြေးလျနိုင်ငံတွင် တောမီးများ လောင်ကျွမ်းမှုကြောင့် သစ်တောဟက်တာပေါင်း ၅၈၀၀၀ ကျော် မီးလောင်ဆုံးရှုံး

သြစတြေးလျနိုင်ငံအနောက်ပိုင်းတွင်တောမီး များ အဆက်မပြတ် လောင်ကျွမ်းနေမှုကြောင့် သစ်တောဟက်တာပေါင်း ၅၈၀၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီးမီးလောင်ဆုံးရှုံးမှုတန်ဖိုးမှာ သြ စတြေးလျ ဒေါ်လာ ၅၃သန်းကျော်(အမေရိကန်လာ ၃၈သန်း) ရှိကြောင်းဆင်ဟွာသတင်းတွင်ဖော်ပြထားသည်။တောမီးများသည် ဗစ်တိုးရီးယားပြည်နယ်၊ ဂရိတ်အိုးရှင်းလမ်းမတစ်ေ လျှာက် လောင်ကျွမ်းခဲ့ရာခရစ္စမတ်ကာလတွင် အဆိုပါလမ်း၌ နေထိုင်ကြသည့်ပြည်သူများမှာလက်လွတ်ထွက်ပြေးခဲ့ရသည်ဟုဆိုသည်။ ခရစ္စမတ်နေ့က တောမီးလောင်ကျွမ်းမှုကြောင့်နေ အိမ်ပေါင်း၁၁၆ လုံး မီးလောင်ကျွမ်းခံခဲ့ရကြောင်း သြစတြေးလျအသံလွှင့်ဌာနက ကြေညာခဲ့သည်။ နေအိမ်များပျက်စီးဆုံးရှုံးခဲ့သော်လည်းလူများထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်းထုတ်ေ ဖာ်ကြေညာခဲ့သည်။ရာသီဥတုပူပြင်းလာသည့်အပြင် လေပြင်းများ တိုက်ခတ်မှုကြောင့် တောမီးလောင်ကျွမ်းမှုများမှာပိုမိုပြင်းထန်လာရခြင်းဖြစ်သည်ဟုသတင်းများကထုတ်ဖော်ရေးသားခဲ့ သည်။လေပြင်းတိုက်ခတ်မှုမှာ တစ်နာရီလျှင် ကီလို မီတာ ၆၀ နှုန်းရှိနေပြီးလေပြင်းများကြောင့် မီးတောက်များမှာ  ပိုမိုပြင်းထန်လျက်ရှိနေကြောင်း၊ တချို့နေရာများတွင်မီးတောက်များမှာ မီတာ ၅၀ ကျော်မျှရှိနေကြောင်း  ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့၏ တောင်ဘက် ကီလိုမီတာ ၁၂၀  အကွာတွင်ရှိသည့် ယာလု(ပ်)မြို့ငယ်လေး အားဇန်နဝါရီ ၇ ရက်က တောမီးကူး စက်လောင်ကျွမ်းခဲ့သဖြင့်နေအိမ် ၉၅လုံး မီးလောင် ပြာကျသွားခဲ့ကာ လူပေါင်း ၅၄၅ ဦးကို မီးလွတ်ရာသို့ပြောင်းရွှေ့ပေးခဲ့ရသည်ဟုဆိုသည်။ မီးေ လာင်ကျွမ်းမှုကြောင့် လူသုံးဦးပျောက်ဆုံးနေပြီးမီးသတ်သမားလေးဦး ဒဏ်ရာရရှိကာ မီးသတ်ကားတစ်စီး  မီးလောင်ပျက်စီးခဲ့ရသည်ဟုဆို သည်။သြစတြေးလျအနောက်ပိုင်း မီးသတ်နှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးဌာနမှကော်မရှင်နာတစ်ဦးဖြစ်သူ ဝိန်းဂရက်ဆန်က''ဒီတောမီးကို ထိန်း ချုပ်ဖို့ တော်တော်လေးခက်နေပါတယ်။လေတိုက်နှုန်းက လည်းတော်တော်လေးြ ပင်းထန်နေသလို မီးတောက်ကလည်း ကြီးပါတယ်။ အာဏာပိုင်တွေ အနေနဲ့  ဒီတောမီးလောင်ကျွမ်းနေတာကိုအဆုံး သတ်နိုင်ဖို့လိုပါတယ်''ဟု ပြောကြားခဲ့သည်။
မယ်သီတာ