အေအီးစီကြောင့် အင်ဒိုနီးရှားအစားအစာနဲ့ အဖျော်ယမကာလုပ်ငန်း ထူးထူးခြားခြား ပြောင်းလဲမည်မဟုတ်

လွန်ခဲ့တဲ့ငါးနှစ်တာကာလအတွင်း အာဆီယံနိုင်ငံအများစုက ကုန် သွယ်မှု အတားအဆီးများကို ဖယ်ရှားထားပြီးဖြစ်သဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်း(အေအီးစီ)တည်ထောင်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံရဲ့ အစား အစာနဲ့ အဖျော်ယမကာလုပ်ငန်းအတွက် ပြုပြင်ပြောင်းလဲမှုတွေ ကြီးကြီးမား မား ဖြစ်လာမှာမဟုတ်ကြောင်း အင်ဒိုနီးရှားအစားအစာနဲ့ အဖျော်ယမကာ အသင်:(Gapmmi)  ဥက္ကဋ္ဌ အက်ဒီအက်စ်လုခမန်းရဲ့ ပြောကြားချက်ကို ကိုးကားပြီး အန်တာရာသတင်းမှာဖော်ပြပါတယ်။ဒါပေမဲ့အရှေ့တောင်အာရှဒေသကိုမဟာအင်ဒိုနီးရှားအဖြစ် သဘောထားပြီး အနာဂတ် မူဝါဒတွေကိုချမှတ်တဲ့အခါ အာဆီယံကို ဗဟိုပြုတဲ့ စိတ် ဓာတ်နဲ့ဆောင်ရွက်ဖို့လိုကြောင်း သူက ပြောပါ တယ်။''အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းက သူ့ကိုယ်ပိုင်အကျိုးစီးပွားကို ဦးတည်ဆောင်ရွက်ကြမှာဖြစ်တဲ့အတွက် စိတ်သဘောထားညီညွတ်အောင်ဆောင်ရွက်ဖို့ဆိုတာ တကယ်တော့လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီကိစ္စကလည်း ဖြေရှင်း ဆောင်ရွက်ရဦးမယ့် ကိစ္စဖြစ်ပါတယ်''လို့ သူကပြောပါတယ်။အာဆီယံအဖွဲ့ဝင်တွေ ဆွေးနွေးနေတဲ့ ပြဿနာတွေအနက် တစ်ခုက အာဆီယံထုတ်ကုန်ဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်ဖြစ်ပါတယ်။ တချို့က ဒေသတွင်းမှာ ထုတ်လုပ်ပြီး ရောင်းဝယ်တဲ့ ကုန်ပစ္စည်းကို သတ်မှတ်ပြီး တချို့က ဒေသတွင်းမှ ထုတ်လုပ်တယ်ဆိုရင်ပဲ အာဆီယံထုတ်ကုန်အဖြစ် သတ်မှတ်ကြပါတယ်။ကြိုးနီစနစ်ကို ဖယ်ရှားပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေရဲ့ ယှဉ်ပြိုင် နိုင်မှုစွမ်းရည်ကို မြှင့်တင်ဖို့ အစိုးရကပြင်ဆင်နေကြောင်း ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းဝန်ကြီးရဲ့ပေါင်းစပ်ညှိနှိုင်းရေးဌာန လက်ထောက်အက်ဒီပူ ထနာအီရာဗဒီကပြောပါတယ်။''အထူးစီးပွားရေးဇုန်တွေအတွက်ဆွဲဆောင်မှု တွေပေးဖို့ ထောက်ပံ့ပို့ ဆောင်ရေးစင်တာတွေ၊ ပြည်တွင်းလွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီ ချက်နဲ့ စက်မှုဇုန်ဆိုင်ရာ အစိုးရစည်းမျဉ်းဥပဒေတွေ ပေါ်ထွက်ဖို့ ကျွန်တော် တို့ဆောင်ရွက်နေပါတယ်''လို့အက်ဒီကပြောပါတယ်။