တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေးကျဆင်းမှုဒဏ်ကို စင်ကာပူနိုင်ငံက အများဆုံးခံရ

လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း  ဒေသအတွင်းဖွံ့ဖြိုးတိုးတက်မှုကို မောင်း နှင်ပေးရာမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးလျင်မြန်စွာတိုးတက်မှုက အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းဖြစ်ပွားပြီး နောက်ပိုင်း အနိမ့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေး အခုလို ဖွံ့ဖြိုး မှုနှုန်းကျဆင်းမှုက   အိမ်နီးချင်းနိုင်ငံ တွေရဲ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနှုန်း ကို ကျဆင်းစေလိမ့်မယ်လို့ခန့်မှန်း ကြပါတယ်။အရှေ့တောင်အာရှမှာထိခိုက် မှုအတိုင်းအတာအမျိုးမျိုးရှိမှာဖြစ်ေ ပ မယ့်စင်ကာပူနိုင်ငံက အထိအနာဆုံး  ဖြစ်နိုင်ကြောင်း  သြစတြေးလျနဲ့ နယူးဇီလန်ဘဏ်လုပ်ငန်းအုပ်စု (Australia and New Zealand (ANZ) Banking Gorup) က ဇန်နဝါရီ ၆ ရက် မှာ ထုတ် ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ  ဖော်ပြထားပါ တယ်။တရုတ်နိုင်ငံက စင်ကာပူနိုင်ငံရဲ့ ပို့ကုန်အများဆုံးတင်ပို့ရာနိုင်ငံဖြစ်ပြီး စင်ကာပူပို့ကုန်အားလုံးရဲ့ ၁၅ ရာခိုင် နှုန်းကို တင်ပို့တဲ့နိုင် ငံ   ဖြစ်ပါတယ်။ဒါကြောင့် တရုတ်နိုင်ငံရဲ့ စီးပွား ရေးနှေးကွေးကျဆင်းမှုက စင်ကာပူပို့ ကုန်လုပ်ငန်းကို ကျဆင်းစေခဲ့ပါတယ်။ ရေနံမှအပစင်ကာပူရဲ့ ပို့ကုန်တွေကေ အာက်တိုဘာလမှာ တိုးတက်မှုမရှိဘဲ တန့်နေပြီးနောက်  နိုဝင်ဘာလမှာ ၃ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းInternational Enterprise (IE) Singapore ကထုတ်ပြန်တဲ့စာရင်းတွေ အရသိရပါတယ်။ ဒါ့အပြင် စင်ကာပူစီးပွားရေးမှာ ပို့ကုန်လုပ်ငန်းက အဓိကကျတဲ့အခန်း ကဏ္ဍကပါဝင်နေတဲ့အတွက် စင်ကာပူ နိုင်ငံရဲ့ထိခိုက်ခံရမှုက မြင့်မားခဲ့တာကို တွေ့ရကြောင်း ANZရဲ့စီးပွားရေး ပညာရှင်တွေကခန့်မှန်းပါတယ်။ တရုတ်နိုင်ငံရဲ့ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှု (ဂျီဒီပီ) တစ်ရာခိုင်နှုန်း ကျဆင်းရင်စင်ကာပူရဲ့ ပို့ကုန်ဖွံ့ဖြိုးမှု နှုန်းမှာ ၁ဒသမ ၄ ရာခိုင်နှုန်းကျ ဆင်းစေနိုင် တယ် လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ဒီကျဆင်းမှုက သုည ဒသမ ၂ ရာခိုင်နှုန်းနဲ့   သုည ဒသမ ၅ ရာခိုင်နှုန်းအကြားမှာသာ  ထိခိုက်မှုရှိ နိုင်တဲ့ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေနဲ့နှိုင်း ယှဉ်ရင် သိသိသာသာ များပြားနေတာကိုတွေ့ရပါတယ်။