တောင်အာဖရိကနိုင်ငံမှာ ရာသီဥတုဆိုးရွားခြင်းကြောင့် ပြောင်းတန်ချိန်သန်းနဲ့ချီ၍ တင်သွင်းရဖွယ်ရှိ

ယခင်ကသီးနှံများတင်ပို့နေတဲ့ တောင်အာဖရိကနိုင်ငံဟာ ဆိုးရွားတဲ့ရာသီဥတု ဒဏ်ကြောင့် ပြည်ပမှပြောင်းဆန် အဖြူရောအဝါပါ ငါးသန်းမှခြောက်သန်းအထိ တင်သွင်းရမယ်လို့ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ဇိုကွာနာက  ဇန်နဝါရီ ၁၅ ရက်က ပြောကြားလိုက်ပါတယ်။ ဇင်ဘာဘွေ လီဆိုသို၊ နမီးဘီးယား၊ ဘော့စ်ဆွာနာနဲ့ ဆွာဇီလန်  စတဲ့ဒေသတွင်းနိုင်ငံများရဲ့ လိုအပ်ချက် စုပေါင်းလိုက်ရင် ပြောင်းအပြင် ပဲပုပ်စေ့နဲ့ ဂျုံအပါအဝင် တန်ချိန် ၁၀ ဒသမ ၉ သန်း ခန့်ရှိနိုင်တယ်လို့  ပရီတိုးရီးယားမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ဇိုကွာနာကပြောပါတယ်။စားနပ်ရိက္ခာဖူလုံရေးအတွက် တောင်အာဖရိကအနေနဲ့ ပြည်ပမှပြောင်းတင် သွင်းမှသာပြည်တွင်း လိုအပ်ချက်ကို ပြည့်မီစေနိုင်မယ်လို့ သူကဖြည့်စွက်ပြောကြားပါတယ်။

CMK