ပြည်မှာ ပဲလွန်းဖြူပဲသစ်ဝင်ရောက်ပေမယ့် ဈေးငြိမ်နေ

   ပြည်ပဲဈေးကွက်သို့ ပဲလွန်းဖြူသစ်များ  ယခုဒီဇင်ဘာ ဒုတိယပတ်မှာစတင်ဝင်ရောက်လာပြီဖြစ်ပြီး အဖွင့်ဈေးတစ်တင်း ၁၆၅၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့သိရပါတယ်။ ယခင်နှစ်က ပဲသစ်အဖွင့်ဈေးမှာ တစ်တင်း ၁၈၀၀၀ ကျပ်ရှိခဲ့လို့ ယခုနှစ်ပဲသစ်ဈေးနှုန်း ဈေးမကောင်းပေမယ့် ယခင်အဟောင်းလက်ကျန်ဈေးနှင့်တော့ သိပ် ကွာခြားမှုမရှိခဲ့တာကိုတွေ့ရပါတယ်။  အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ဒေသတွင်းသာ အရောင်းအဝယ်ဖြစ်ခဲ့လို့ အိတ်အနည်းငယ်ခန့် လက်လီသမားများအဝယ်ရှိတယ်လို့သိရပါ တယ်။ 

ခင်ဆွေဝင်း-ပြည်