စပါးဈေးတက်ပြီး အရောင်းအဝယ်မဖြစ်တဲ့ တောင်ပျံမွှေး

   တောင်ပျံမွှေးစပါးဈေးကွက်တွင်  ဖေဖော်ဝါရီလအတွင်း စပါးဈေးငြိမ်နေတာများပြီး တောင်ပျံမွှေးကတော့ အရောင်းအဝယ်မဖြစ်ဘဲ ဈေးအနည်းငယ်မြင့်တာတွေ့ရပါတယ်။ စပါးဈေးမြင့်ပေမယ့် အဝယ်မရှိတာကြောင့် ဆန်ဈေးအကျဘက်ကို ရောက်နေပါတယ်။

   တောင်ပျံမွှေးတင်း ၁၀၀ ကို ၆၅၃၂၀၀ ကျပ်နဲ့ ဆန်တစ်အိတ် ဈေးကတော့ (ထိပ်စ) ၃၁၀၀၀ ကျပ်သာ ရှိပါတယ်။ ယခင်တစ်ပတ်ကထက် ထိပ်စတစ်အိတ်ကို ၁၀၀၀ ကျပ်ဈေး ကျလာပါတယ်။ တောင်ပျံမွှေးစပါးဟာ အရောင်းအဝယ်တစ်ဟုန်ထိုးတက်လာရာမှ ၂၀၁၅ ဖေဖော်ဝါရီလမှာတော့ စပါးဈေးမြင့်တာကြောင့် နယ်သမားတွေ ဈေးမကိုက်လို့ အတင်မရှိသလောက်ဖြစ်နေတယ်လို့သိရပါတယ်။

  အရောင်းအဝယ်အေးသလို နယ်တင်ပို့မှုလည်းမရှိတာကြောင့် တချို့ဆန်စက်တွေပတ်ထားရတဲ့အထိဖြစ်တယ်လို့လည်းသိရပါတယ်။  မန္တလေးဘက်အတင်လည်း ပိတ်ထားရ ပါတယ်။ ရွှေဘိုပေါ်ဆန်းမွှေးက  ဈေးကိုက်ပြီးအရောင်းအဝယ်ဖြစ်နေပါ တယ်။

   ဧည့်မထစပါးဈေးကတော့ စပါးဈေးရော၊ ဆန်ဈေးတွေပါ ဈေးငြိမ်ပြီး၊ အကျဘက်ကိုရောက်နေပါတယ်။  စပါးတင်း ၁၀၀ ကို ယခင်တစ်ပတ်ဈေး အတိုင်း ၄၁၄၀၀၀ ကျပ်နဲ့ဈေး ငြိမ်နေပြီး ဆန်တစ်အိတ်ဈေးက ထိပ်စ ၁၇၀၀၀ကျပ်သာအရောင်းအဝယ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်ကထက် တစ်အိတ် ကို ၅၀၀ ကျပ်ဈေးကျလာပါတယ်။ ရန်ကုန်သို့တင်ပို့မှု လည်း အနည်းငယ်သာ အတင်ရှိ နေပြီး ၃၊ ၄ ရက်တစ်ကြိမ်မှ အိတ် ၃၀၀ မှ ၅၀၀ ထိသာတင်ပို့ရကြောင်းသိရပါတယ်။

နီနီဝင်း-ပြည်