စစ်ကိုင်းငုံနီကြိုက်ဈေးရနေ

   မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ တစ်တင်း ပေါက်ဈေးနှုန်းမှာ သြင်္ကန်မတိုင်မီက ၃၁၀၀၀ ကျပ်မှ တရိပ်ရိပ်တက်လာခဲ့ရာ ဧပြီလ ၃၀ ရက်နေ့တွင် ၃၄၃၀၀ ကျပ်၊ မေလ ပထမပတ် တွင် ၃၇၀၀၀ ကျပ်မှ မေလ တတိယပတ် ၂၁ ရက်နေ့တွင် ၃၉၃၀၀ ကျပ်ဈေးမြင့်လာခဲ့ပါတယ်။

   ရန်ကုန် Export ဝယ်လက်ရှိ၍ အဝယ်လိုက်ကာ မုံရွာကုန်စည်ဒိုင်တွင် တစ် ကြိမ်တစ်ခါမျှ မဖြစ်ဘူးတဲ့ ဈေးအမြင့်ဆုံး (ကြိုက်ဈေး) ဈေးရောက်နေ၍ ပဲစင်းငုံ လှောင်လက်သမား များက ထုတ်ရောင်းနေကြကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက် က သိရပါတယ်။  မေလအတွင်း မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီအရောင်းအဝယ် အကောင်းဆုံးနေ့တွင် အိတ် ၁၅၀၀ ခန့် အရောင်းအဝယ်ပါးတဲ့နေ့မှာ အိတ် ၄၀၀ ကျော် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။

သန်းသန်းတင်-မုံရွာ