HAGL မြန်မာစင်တာတွင် အိမ်ခန်းများကို နှစ် ၇၀ အငှားစာချုပ်ဖြင့် ရောင်းချပေးလျက်ရှိ

ရန်ကုန်မြို့တွင် နှစ်ရှည်စာချုပ် ချုပ်ဆို၍  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ဗီယက်နမ်အခြေ စိုက် MNC  အိမ်ခြံမြေဈေးကွက်ဆိုင်ရာ လုပ်ငန်းစုတစ်ခုဖြစ်သည့်  Hoang Anh Gia Lai(HAGL)    မြန်မာ စင်တာမှLake Suites  အိမ်ခန်းများကို နှစ် ၇၀ အငှားစာချုပ်ဖြင့် ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါHAGL မြန်မာ၏ တစ် ပေပတ်လည်ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၂၃၀ခန့်ရှိကြောင်း သိရသည်။ ယင်းစင်တာမှ Lake Suites  အိမ်ခန်း များကို B.O.T.ွှ စနစ်ဖြင့် ရောင်းချပေး မည်ဖြစ်သည်။
နှစ် ၇၀သက်တမ်းဖြင့် အိမ်များကို ရောင်းချပေးမည်ဖြစ်သော်လည်း အိမ် ငှားရမ်းသည့်ကာလ ပြီးဆုံးသွားချိန် တွင်  စာချုပ်အား ထပ်မံသက်တမ်းတိုး ချုပ်ဆိုနိုင်ကြောင်း သိရသည်။
ယင်း Lake Suitesျ တွင် အမျိုး အစားလေးမျိုးခွဲခြားထားပြီး  အကျယ် အဝန်း ၆၈ စတုရန်းမီတာရှိသည့် အိပ် ခန်း တစ်ခန်းပါ အိမ်ခန်း၊ အကျယ် ၈၇ စတုရန်းမီတာရှိသည့် အိပ်ခန်းနှစ်ခန်း ပါဝင်သည့်  အိမ်ခန်း၊ အကျယ် ၈၈ စတုရန်း မီတာရှိသည့် အိပ်ခန်းနှစ်ခန်း ပါသည့် အိမ်ခန်း၊ အကျယ် ၁၁၉ စတု ရန်းမီတာရှိသည့် အိပ်ခန်း သုံးခန်းပါ သည့် အိမ်ခန်းတို့အား ရောင်းချပေး လျက်ရှိရာ စုစုပေါင်း အိမ်ခန်းပေါင်း ၆၆၀ ကိုရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်စင်တာသည် ရန်ကုန်မြို့တွင် အထပ်ပေါင်း ၃၁ ထပ်ပါဝင်သည့်  အမြင့်ဆုံးသော   စင်တာတစ်ခုဖြစ်ပြီး လူနေရုံးခန်းများ၊ ရှော့ပ်ပင်းမောလ်များ၊  အားကစားစင်တာများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ    ပါဝင်သည့် စင်တာတစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါစင်တာသည် ငလျင်ဒဏ်  ကို ကြံ့ကြံ့ခံနိုင်သည့်စနစ်ကို ထည့်သွင်း တည်ဆောက်ထားပြီး ရေစစ်ထုတ်မှုနှင့် အိမ်ခန်းတိုင်းအတွက်   လေဝင်လေ ထွက်စနစ်နှင့် အဆောက်အအုံတစ်ခု ချင်းစီအတွက် ဓာတ်လှေကား လေးစီး၊ ပင်မ  အညစ်အကြေးစွန့်ပစ်စနစ်နှင့် ၂၄ နာရီ မီး၊ လုံခြုံရေးတို့ကိုပါ ထည့် သွင်းထားသည့်   အဆင့်မြင့်စင်တာ တစ်ခုဖြစ်ကြောင်း သိရသည်။
ယင်း HAGL မြန်မာစင်တာရှိLake Suites အိမ်ခန်းများကို  ယခုလ မှစတင်၍   ရောင်းချပေးလျက်ရှိရာ မည်သူမဆို လာရောက်မေးမြန်းစုံစမ်း နိုင်ကြောင်း သိရသည်။    မယ်သီတာ