ရေဘေးနဲ့အတူ လမ်းပန်းခက်ခဲမှုကြောင့် ပြည်ကြက်သွန်နီဈေးတက်

     ပြည်နယ်နဲ့ တိုင်းဒေသကြီးအချို့ ရေကြီးမှုတွေရှိနေပြီး   မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လမ်းပန်းသယ်ယူပို့ ဆောင်ရေးများ  အခက်အခဲဖြစ်နေ ကြောင်း တွေ့ရပါတယ်။ ပြည်ပွဲရုံများသို့ လည်း ကြက်သွန်နီအိတ်များ  အဝင် နည်းပြီး ဒေသတွင်း ရေကြီးမှုတွေ ဖြစ် ပေါ်နေတာကြောင့် အရောင်းအဝယ် အေးနေပါတယ်။ အဝင်နည်းနေတဲ့ အတွက် အရောင်းအဝယ်  နည်းပေမယ့် လည်း ဈေးတက်လာပြီး ပြည်ပွဲရုံဈေး တွင် တစ်ပိဿ   ကြီး ၁၀၅၀ ကျပ်၊ လတ် ၁၀၀၀ ကျပ်၊ သေး ၉၀၀ ကျပ်တို့ ဖြင့်ဈေးမြင့်တက်လာခဲ့ပါတယ်။ ဒေသတွင်း လက်လီအရောင်းအဝယ်ဈေးမှာ တစ်ပိဿာ   ကြီး ၁၃၀၀ ကျပ်၊ လတ် ၁၂၀၀ ကျပ်၊ သေး ၁၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ပြုလုပ်လျက် ရှိပါတယ်။ ပွဲရုံများတွင် တစ်ရက်ကို အိတ် ရေ ၁၀၀ ခန့်သာ အရောင်းအဝယ်ဖြစ် ပါတယ်။ ယခုသြဂုတ်လ ပထမပတ် အတွင်း ကြက်သွန်နီ တစ်ပိဿာကို ၁၅၀ ကျပ်ထိ  ဈေးတက်လာခြင်းဖြစ်ပါတယ်။

 

နီနီဝင်း-ပြည်