ရေပြန်လည်ကျဆင်းလာသဖြင့် ပုသိမ်ဆန်ဈေးကွက်တွင် ဈေးနှုန်းကျဆင်းကာ အရောင်းအဝယ်အေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မြို့ပေါ်ရှိ ဆန်ဈေးကွက်မှာ သြဂုတ်လ ပတမပတ်ရေမကြီးမီဆန်ဈေးနဲ့ ဒုတိယ ပတ် ၁၀ ရက်ခန့် ရေကြီးချိန်ဈေးနှုန်းမြင့် တက်သွားရာမှ   ယခုစတုတ္ထ ပတ်တွင် ဆန်ဈေးနှုန်း    ပြန်လည်ကျဆင်း၍ အရောင်းအဝယ် အေးလျက်ရှိကြောင်း၊ သြဂုတ်လ ပထမပတ်အတွင်းရေမကြီးမီ ဧရာဝတီပေါ်ဆန်း    ဆန်တစ်အိတ်ကို ၄၀၀၀၀ ကျပ်၊ ၄၁၀၀၀ ကျပ်၊ ပေါ်ဆန်း ရင် ဆန်တစ်အိတ်   ၃၈၀၀၀ ကျပ်၊ ၃၉၀၀၀ ကျပ်၊  မနောသုခ၊ မျိုးပွား၊ မီး ကောက်ဆန်  တစ်အိတ်ကို ၁၉၀၀၀ ကျပ်၊ ၁၉၅၀၀ ကျပ်၊ သီးထပ်ရင် ဆန် တစ်အိတ် ကို ၁၈၀၀၀ ကျပ်၊ ၁၈၅၀၀ ကျပ်ဖြင့်   ရောင်းဝယ်လျက်ရှိကြောင်း ဈေးကွက်မှ သိရပါတယ်။
သြဂုတ်လ ဒုတိယပတ် ပုသိမ်မြို့ ပေါ် ၁၀ ရက်ခန့်ရေကြီးချိန် မြို့ပေါ်ရှိ ဆန်စက်များ   ခေတ္တရပ်နားထားရပြီး လုပ်သားများ   အလုပ်မဆင်းနိုင်ဘဲ သွားလာမှုအခက်အခဲဖြစ်ပွားခြင်း ၊ ပြည်၊ ဟင်္သာတ၊ ကြံခင်း၊ မြန်အောင်မြို့ များမှ ဆန်အဝယ်လိုက်သဖြင့် ဧရာဝတီ ပေါ်ဆန်းဆန် တစ်အိတ် ၄၂၀၀၀ ကျပ်၊ ၄၃၀၀၀ ကျပ်၊ ပေါ်ဆန်းရင် ဆန်တစ် အိတ် ၄၀၀၀၀ ကျပ်- ၄၁၀၀၀ ကျပ်ဈေး ဖြစ်သွား၍   ပေါ်ဆန်းတစ်အိတ်ကို ကျပ် ၁၀၀၀ ၊ ၂၀၀၀ ခန့်  ဈေးနှုန်းမြင့် တက်သွားပြီး  မနောသုခ၊ မျိုးပွား၊ မီး ကောက်ဆန်  တစ်အိတ်ကို ၂၃၀၀၀-၂၄၀၀၀ ကျပ်၊  သီးထပ်ရင် ဆန်တစ်အိတ်ကို ၂၂၀၀၀-၂၃၀၀၀ ကျပ်ဈေး ဖြစ်သွားပြီး၊ ဆန်တစ်အိတ်ကို ၄၀၀၀-၅၀၀၀ ကျပ်ဝန်းကျင် ဈေးနှုန်းမြင့်သွား ကြောင်း ဈေးကွက်မှ သိရပါတယ်။
ယခုသြဂုတ်လ စတုတ္ထပတ်တွင် ဆန်ဈေးနှုန်း လဆန်းပိုင်းက ဈေးနှုန်း အတိုင်း    ဧရာဝတီပေါ်ဆန်း   ၄၀၀၀၀-၄၁၀၀၀ ကျပ်၊ ပေါ်ဆန်းရင်ဆန် တစ် အိတ်ကို ၃၈၀၀၀-၃၉၀၀၀ ကျပ် ၊ ဈေး နှုန်းပုံမှန်ဖြစ်သွားပြီး  ရေကြီးချိန် မနော သုခမျိုးပွား  မီးကောက် ဆန်တစ်အိတ် ကို   ယခင် ၂၃၀၀၀-၂၄၀၀၀ ကျပ်မှ ယခု ၂၂၀၀၀ -၂၃၀၀၀ ကျပ်၊ သီးထပ်ရင်   ဆန် တစ်အိတ်ကို ယခင် ၂၂၀၀၀-၂၃၀၀၀ ကျပ်ဈေးမှ ယခု ၂၁၅၀၀-၂၂၀၀၀ ကျပ်ဖြစ်လို့ ဆန်တစ်အိတ်ကို ၅၀၀-၁၀၀၀ ကျပ်ဝန်းကျင် ဈေးနှုန်း ကျဆင်း၍ အရောင်းအဝယ်  အေးသွား ကြောင်းဆန်စပါး အသိုင်းအဝိုင်းမှ    သိရပါတယ်။
မင်းမင်းဦး-ပုသိမ်