စက်တင်ဘာလလယ်မှာ ဆန် Export ပြန်ဖွင့်မည်ဆိုသည့် သတင်းကြောင့် ဆန်ကြမ်းအဝယ်လိုက်ကာ ဈေးပြန်တက်

ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက် ကားဆန်ဈေးကွက်မှာ သြဂုတ်လ ၂၈ ရက်နေ့ဈေးနှုန်းများ အရ ဖျာပုံပေါ်ဆန်း လတ်စတစ်အိတ်ကို ၃၈၅၀၀ ကျပ်၊ နယ်စုံ ပေါ်ဆန်း လတ်စ ၃၇၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းဈေးနှုန်း ၄၉၀၀၀ ကျပ်မှ ၅၁၀၀၀ ကျပ်ဖြစ်ခဲ့ကြလို့   ယခင်တစ်ပတ် ထက် ဆန်ချောတစ်အိတ်ကို ၅၀၀ ကျပ်ခန့်ဈေးပြန်ကျခဲ့တာ တွေ့ရပါတယ်။
ဆန်ချောအဝင်ပုံမှန်ရှိနေသော်လည်း   အချောအဝယ် အနည်းငယ်ဆိုင်းနေလို့  ဆန်ချောဈေး  အနည်းငယ်ကျရခြင်း ဖြစ်ကြောင်း၊ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထ   လတ်စတစ်အိတ် ၂၁၀၀၀ ကျပ်၊ ထိပ်စ ၂၃၀၀၀ ကျပ်၊ မိုးသုခဈေးနှုန်း ၂၃၅၀၀ ကျပ်မှ ၂၅၅၀၀ ကျပ်၊ မီးကောက် ၂၄၅၀၀ ကျပ်မှ ၂၅၅၀၀ ကျပ်၊ ဆင်းသွယ်လတ် ၂၅၀၀၀ ကျပ်မှ ၂၆၅၀၀ ကျပ်၊ နွေဆန် ရှယ်ဈေးနှုန်း ၂၁၀၀၀ ကျပ်မှ ၂၂၅၀၀ ကျပ်ဖြစ်ခဲ့ကြလို့ ယခင် တစ်ပတ်ထက် တစ်အိတ်ကို ၅၀၀ ကျပ်မှ   ၁၅၀၀ ကျပ်အတွင်း ဈေးတက်သွားတာ တွေ့ရပါတယ်။ လာမယ့်  စက်တင်ဘာလ လယ်မှာ Export  ပြန်ဖွင့်မည်ဆိုတဲ့သတင်းကြောင့် ဆန်ကြမ်း အဝယ်လိုက်နေကာ ဈေးနှုန်းပါတက်သွားရခြင်းဖြစ်ကြောင်း၊ ဝါးတန်းဒိုင်သို့ ဆန်ချောပုံမှန်ဝင်နေ သော်လည်း ဆန်ကြမ်း တွေက အဝင်လည်း နည်းသွားချိန်မှာ အဝယ်လည်းသွက်လာ လို့ ဆန်ကြမ်းဈေးတွေ တက်သွားရတာဖြစ်တယ်လို့ ကုန်စည် ဒိုင်ဈေးကွက်မှ သိရှိရပါတယ်။
ရန်ကုန်ဈေးကွက်အတွင်း ဧည့်မထ ၂၅ မှတ် တစ်အိတ် ၁၀၈ ပေါင်ကို ၁၈၅၀၀ ကျပ်-၁၉၀၀၀ ကျပ်ခန့်ဈေးရှိပြီး ယခင် တစ်ပတ်ထက် တစ်အိတ်ကို ၅၀၀ ကျပ်ခန့် ဈေးတက် ခဲ့ကြောင်း ၊ ရေဘေးကြောင့် ဆန်ပြည်ပတင်ပို့မှုလိုင်စင်   ပိတ်ထားသော် လည်း စက်တင်ဘာလလယ်မှာ ဆန် Export  ပြန်ဖွင့်မည်ဟု ဆန်စပါးအသင်းချုပ် တာဝန်ရှိသူများ၏ ပြောကြားချက်များ ကြောင့် ဆန်ကြမ်းဈေးကွက် ရုတ်တရက်မြင့်တက်သွားရခြင်း ဖြစ်ကြောင်းနှင့် ရေဘေးအတွက် ဝယ်ယူမှုအချို့လည်း  ရှိနေ ကြောင်း သိရှိရပါတယ်။
တရုတ်လိုင်းဖြစ်တဲ့ မူဆယ်ဆန်ဈေးကွက်မှာ ယခင် တစ်ပတ် ဆန်ဈေးနှုန်းများဖြစ်တဲ့ ဧည့်မထ ၅ မှတ် မှော်ဘီတစ် အိတ်ကို ၁၄၂-၁၄၃ ယွမ်၊    ဧည့်မထ ၁၀ မှတ် မနောသုခ မှော်ဘီ  ၁၃၅-၁၃၈ ယွမ်၊ ဧည့်မထ ၂၅ မှတ် မနောသုခ ၁၂၅- ၁၃၀ ယွမ်၊ ငစိန် ၅ မှတ် ၁၃၇-၁၃၉ ယွမ်၊ ငစိန် ၁၅ မှတ် ၁၃၂-၁၃၄ ယွမ်၊ ငစိန် ၂၅ မှတ် ၁၂၆-၁၃၀ ယွမ်တို့ဖြင့် ဆက် လက်ရောင်း ဝယ်နေသော်လည်း မူဆယ်ဆန်စပါးကုန်စည် ဒိုင်သို့ နှစ်ဖက်ကုန်သည် အလာကျဲသွားပြီး မူဆယ်ရောက်ပြီး သား လက်ကျန်ဆန်အနည်းငယ်သာ အရောင်းအဝယ်ရှိတော့ ကြောင်း မူဆယ်ဆန်ဈေးကွက်မှ ကြားသိရပါတယ်။
မြန်မာ့ဆန်နဲ့ ဆန်ကွဲပြည်ပတင်ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ သြဂုတ်လ ၂၁ ရက်နေ့ထိ တန်ချိန် ၆၇၆၂၀၀ ကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၄ သန်းကျော်ဖိုးရှိနေပြီး၊ ယခင်ဘဏ္ဍာနှစ်  ကာလတူထက် တန်ချိန် ၁၂၈၁၁၀ ကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၃၁ သန်းကျော်ဖိုး ပိုမိုတင်ပို့ထား နိုင်တာ တွေ့ရှိရပါတယ်။ ပြည်တွင်းဆန်ဈေးကွက် ရှေ့အလား အလာအနေဖြင့် ရေဘေးကြောင့်  ပြန်စိုက်စပါးပေါ်ချိန်နောက် ကျနိုင်ခြင်း၊ သြဂုတ်၊ စက်တင်ဘာလများသည် နှစ်စဉ် စပါး၊ ဆန်လက်ကျန်  လျော့နည်းလာသောကာလဖြစ်ပြီး စပါး၊ ဆန် ဈေးကောင်းလေ့ရှိခြင်း၊ တိုင်းဒေသကြီးအချို့နှင့်  ပြည်နယ် အချို့တွင် ရေလွှမ်းမိုးမှုခံခဲ့ရသဖြင့်   စိုက်ပျိုးထားသည့် စပါး ခင်းများ ပျက်စီးဆုံးရှုံးခြင်း၊ ဝမ်းစာသိုလှောင်ထားသည့် စပါး၊ ဆန်များ ရေနစ်ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်ခဲ့ရာ ဒေသ တွင်း စားသုံးရန် ဆန်လိုအပ်ချက်များရှိနေသည့်ပြင် ရေဘေး ကြောင့် ပြည်ပသို့ ဆန်တင်ပို့ခွင့်ရပ်နားထားခြင်းကို စက်တင် ဘာလလယ်တွင် ပြန်ဖွင့်မည်ဆိုသည့်သတင်းနှင့် ငွေလဲနှုန်း မြင့်မားနေခြင်းစတဲ့ အချက်များကြောင့် ဆန်ကြမ်းတွေ ဈေး ဆက်မာနိုင်တယ်လို့ ဆန်ဈေးကွက်မှ သုံးသပ်လျက်ရှိကြောင်း သိရှိရပါတယ်။
သန်းအေး-ဆန်စပါး