မြန်မာ့သရက်သီးများကို တိုးမြှင့်တင်ပို့ခြင်းဖြင့် ပို့ကုန်တိုးမြှင့်ရေးကို အထောက်အကူပြုမည်

မြန်မာ့သရက်သီးများကို တိုးမြှင့်တင်ပို့ခြင်းဖြင့် ပို့ကုန်တိုးမြှင့်ရေးကို အထောက်အကူပြုမည် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်တွင်ရှိသော သစ်သီးပွဲရုံများသို့ ဧပြီလဆန်းမှစ၍ မြန်မာပြည်အနယ် နယ်အရပ်ရပ်မှသရက်သီး မှည့်များ စတင်ဝင်ရောက်လာကာ တစ်ဖက် တရုတ်နိုင်ငံသို့ ဧပြီလဆန်း ပထမတစ်ပတ်အတွင်းကားကြီး နှစ်စီး၊ သုံးစီးဖြင့် စတင်၍ တင်ပို့နိုင်ခဲ့သည်။ ဧပြီလလယ်တွင် ကားအစီးရေ ၃၀ မှ ၅၀ အထိတင်ပို့နိုင်ခဲ့ပြီး၊ ဧပြီလ  နောက် ဆုံးတစ်ပတ်တွင် ကားစီးရေ ၈၀ မှ ၁၀၀ အထိ တိုးတက်တင်ပို့လာနိုင်သဖြင့် ဧပြီလ တစ်လလုံးအနေဖြင့် ကားအစီး ရေ ၈၂၁ စီး၊ တန်ချိန်အားဖြင့် ၄၂၅၃ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄၉ သန်း တင်ပို့နိုင် ခဲ့သည်။ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ရှိ သစ်သီးပွဲရုံသို့ ဝင်ရောက်လာသော သရက်သီးများမှာ အများအားဖြင့် အမရပူရ၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ စစ် ကိုင်း၊ အုံးချော ဒေသ ထွက်များ ဖြစ် ကြောင်း၊ အရောင်း အဝယ်ဖြစ်ေ သာ သရက်သီးအမျိုးအစားများမှာ စိန်တ လုံး၊ ရင်ကွဲ၊ ချဉ်ပေါင်း၊ ပတ္တမြား-ငမောက်၊ ဟင်္သာတို့ပါဝင်လာကြောင်း သိရှိရပါ သည်။ တစ်ဖက်နိုင်ငံသို့ တင်ပို့ရာတွင် ၁၅ ကီလိုဂရမ်၊ ၁၆ ကီလိုဂရမ် ဝင်ဆံ့  သော ခြင်း များဖြင့် ထည့်ပြီးတင်ပို့ရ ကြောင်း၊ သယ်ယူပို့ဆောင်ခမှာ မန္တလေး မှပို့ပါက သရက်သီးတစ်ခြင်းလျှင် ၁၃၀၀ ကျပ်မှ ၁၄၀၀ ကျပ်၊ ရွှေဘိုမှ ပို့ပါက တစ်ခြင်းလျှင် ၁၇၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိ၊ တောင်ကြီးမှ ပို့ပါ က သရက်သီး တစ်ခြင်းလျှင် ၂၀၀၀ ကျပ်ပေးရကြောင်း၊ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေ းဇုန်တွင် အရှေ့မြောက် တံခါး၊ ခွာညို၊ နေလ၊ အောင်သရဖူ၊ ထွန်းတောက်ကြယ်၊ တက်နေဝင်း၊ မရှမ်း၊ စိန်တလုံး၊ ထိုင်ဝမ်၊ ရွှေမေတ္တာ၊ လင်းထွန်း ၊ ရွှေ မင်းသား ၊ ဝေယံဦး၊ ရွှေနား၊ ရွှေတြိဂံ၊ ရှမ်း -မြန်မာ စသည်ဖြင့် သစ်သီးပွဲရုံ ၂၁ ရုံခန့်ရှိကြောင်း၊ သစ်သီးပွဲရုံသို့ ရောက်ရှိလာသော သရက် သီးကားများအား အလုပ်သမားခအဖြစ် ကားပေါ်မှချခ ဒိုင်နာ ကားတစ်စီးလျှင် ၃၅၀၀ ကျပ်၊ ခြောက်ဘီးကားတစ်စီး လျှင် ၆၀၀၀ ကျပ်၊ ၁၂ ဘီးကားတစ်စီးလျှင် ၁၁၀၀၀ ကျပ်နှုန်းဖြင့် အလုပ်သမားခ (အချ) ကို ကားများကပေးရပြီး၊ ကား ပေါ်ပြန်တင်လျှင် အလုပ်သမားခ (အတင်) အား ပွဲရုံမှတစ်ခြင်း ၁၅ ကျပ်နှုန်းဖြင့် ပေးချေရကြောင်း သစ်သီးပွဲရုံများ မှ ဝန်ဆောင်ခ ငါးရာခိုင်နှုန်း ယူကြောင်း သိရှိရပါသည်။ သစ်သီးပွဲရုံများမှ သရက်သီး ခြံရှင် များအား သရက်သီးမထွက်မီ အပွင့် ပွင့်ချိန်မှစပြီး ကြိုတင်ငွေ ငါးသိန်းမှ ၁၅ သိန်းအထိ ထုတ်ပေးထားရကြောင်း၊ အသီးထွက်လျှင် ငွေတင်ကြိုယူထားသည့် ပွဲရုံသို့ သရက်သီးများ ပို့ပေးရကြောင်း၊ ပွဲရုံမှ အိတ်စွပ်ရန်အတွက် အိတ်များ ကို သရက်ခြံသို့ ရောင်းချပေးကြောင်း ယခင်နှစ်က သရက်သီး အိတ်စွပ်ရန် အိတ်များကို သရက်ခြံသို့ ရောင်းချပေး ကြသဖြင့် ယခင်နှစ်က သရက်သီး အိတ်စွပ်ရန် အိတ်တစ်လုံးလျှင် ၁၈ ကျပ်နှုန်းဖြင့် အိတ်အလုံး ၅၀၀၀ ကို ငွေ ၉၀၀၀၀ ကျပ်ပေးရကြောင်း၊ ယခု နှစ်တွင် အလုံး ၅၀၀၀ ကို ကျပ် ၁၈၀၀၀၀ ကျပ်ပေးရသဖြင့် တစ်အိတ် လျှင် ၃၆ ကျပ်ပေးရကြောင်း၊ ခြံရှင်တစ် ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ အိတ်စွပ်သီးများမှာ အလုံးညီ၊ အရောင် လှသဖြင့် ရောင်းပန်းလှပြီး အိတ်မစွပ် သော (အလွတ်သီး) များမှာ ရောင်းပန်း မလှဘဲ ဈေးမရကြောင်း သိရှိရပါသည်။ သရက်သီးမှည့်ချိန်တွင် ဈေးကောင်း ရရှိပါက သရက်ခြံပိုင်ရှင်များကို မူလ ပေးထားသည့် ငွေကိုခုနှိမ်ပြီး ပိုငွေများ ကို ပွဲရုံမှ ပြန်ပေးကြောင်း သိရှိရပါသည်။ မေ ၆ ရက်တွင်သစ်သီးပွဲရုံများ၌ ဖြစ်ပေါ်နေသော သရက်သီးပေါက် ဈေးမှာ စိန်တလုံး(တစ်ခြင်း) လျှင်ယွမ် ၉၀ မှ ယွမ်၁၆၀ ၊ ရင်ကွဲတစ်ခြင်းလျှင် ယွမ် ၇၀ မှ ယွမ် ၁၅၀၊ ချဉ်ပေါင်းတစ် ခြင်းလျှင် ယွမ် ၉၀ ၊ ဟင်္သာတစ်ခြင်းလျှင် ယွမ် ၃၅ မှ ယွမ် ၁၆၀ အသီးသီးဈေးနှုန်း ပေါက်ကြောင်း သိရှိရပါသည်။ သစ်သီးပွဲရုံများမှ ပြောကြား ချက်အရ ဇွန်လဆန်းတွင် စိန်တလုံး သရက်များ တောင်ကြီး၊ ရပ်စောက် ဘက်မှ ဝင်မည်ဖြစ် ကြောင်း၊ သို့သော် (အညာ) သီးလောက်မချိုကြောင်း သိရှိရပါသည်။ မြန်မာ့သရက်သီးများသည် တစ်ဖက်နိုင်ငံမှ ဝယ်လိုအားရှိသော သစ်သီးဝလံတစ်မျိုးဖြစ်ပြီး မြန်မာ နိုင်ငံဒေသ အတော်များများတွင် စိုက် ပျိုးဖြစ်ထွန်းသော အပင်လည်းဖြစ် သဖြင့် သရက်သီးမျိုး ကောင်းမျိုးသန့် များ (ဈေးကွက်ဝင်ဈေးကောင်းရမျိုး များကို) ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျ ဈေးကွက်ဝင် စိုက်ပျိုးထုတ် လုပ်တင်ပို့ခြင်းအားဖြင့် နိုင်ငံခြားဝင် ငွေ တိုးတက်လာ စေရုံမက ပြည်ပပို့ကုန် တိုးမြှင့်ရေးအတွက်လည်း အထောက် အကူဖြစ်နိုင်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ကြည်ကြည်မြင့်-(မူဆယ်)