စက်မှုလုပ်ငန်းသစ်ငါးခု ဖွံ့ဖြိုးရေးအတွက် တောင်ကိုရီးယားနိုင်ငံက အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

တာင်ကိုရီးယား အစိုးရသည် အလားအလာရှိသော  စက်မှုလုပ်ငန်း ငါးမျိုးအတွက် ကြီးကြပ်ထိန်းသိမ်းရေး ဆိုင်ရာ အခက်အခဲများကို လျှော့ချပေး မည်ဖြစ်ကြောင်း ယွန်းဟပ်သတင်းတွင် ဖော်ပြသည်။

ပြည်တွင်းကုမ္ပဏီများက လျင် မြန်စွာ ပြောင်းလဲနေသော နည်းပညာ လမ်းကြောင်းကို  ဦးဆောင်နိုင်စေရန် အထောက်အကူပေးပြီး အရည်အသွေး ရှိသော အလုပ်အကိုင်များ ဖန်တီးရေး အတွက် သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်း များကို ဆောင်ရွက်ရာတွင် အကူအညီ ပေးသွားမည်ဖြစ်ကြောင်း မေ ၁၁ ရက် တွင် အစိုးရက ပြောသည်။

ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်း အင်ဝန်ကြီးဌာနသည်  စက်မှုလုပ်ငန်း အမျိုးအစား ငါးခုဖွံ့ဖြိုးရေးကို ရည် ရွယ်လျက် အစိုးရ၊ ကုမ္ပဏီအရာရှိ များ နှင့်  ကျွမ်းကျင်သူများ ပါဝင်သော အတိုင် ပင်ခံ အဖွဲ့တစ်ဖွဲ့ကို စတင်ဖွဲ့စည်းပေး ခဲ့သည်။  ဦးစားပေးအဖြစ် သတ်မှတ် ထားသော ဌာနငါးခုမှာ လျှပ်စစ်နှင့် အလိုအလျောက် စနစ်သုံး မော်တော် ယာဉ်များ၊ Internet Of Things

နည်း ပညာကို  အသုံးပြုထားသော အိမ်သုံး ပစ္စည်းများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် တီဗွီဖန်သားပြင်များ၊ ပြန်ပြည့်မြဲစွမ်းအင် နှင့် ဇီဝနည်းပညာတို့ ပါဝင်သည်။

ကဏ္ဍငါးရပ်ရှိ အဓိကကုမ္ပဏီကြီး များက ပြုစုထားသော စီမံကိန်းများမှာ လာမည့်ငါးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဝမ် ၁၆ ထရီလီယံ (အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၉ ဘီလီယံ) ရှိမည်ဟု ဝန်ကြီးဌာနက  ပြောသည်။ ဤရင်းနှီး မြှုပ်နှံမှုအရ အလုပ်အကိုင်သစ် နှစ်သိန်း ကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။

“ဒီထွန်းသစ်စ စက်မှုလုပ်ငန်းတွေ အတွက် တီထွင်ဖန်တီးမှုရှိတဲ့ စက်မှုဂေဟ စနစ်ကို  ဖန်တီးနိုင်အောင် ပုဂ္ဂလိက ကဏ္ဍနဲ့ အစိုးရတို့ အတူတကွ ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ် “ဟု အတိုင်ပင်ခံ အဖွဲ့  စတင်ဖွဲ့စည်းသည့် အခမ်းအနား တွင်  မိန့်ခွန်းပြောကြားရာ၌  ဝန်ကြီး ပိုက်အွန်းဂျူက ပြောသည်။

ဝန်ကြီးဌာနသည် ဤလုပ်ငန်းများ အတွက်  သုံးစွဲသော  သုတေသနနှင့် ဖွံ့ဖြိုးရေး  အသုံးစရိတ်ကို လက်ရှိ ၃၀ ရာခိုင်နှုန်းရှိရာမှ ၂၀၂၂ ခုနှစ် တွင် ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် စီစဉ် ထားကြောင်း ဝန်ကြီးဌာနက ပြောသည်။

အစိုးရသည် လျှပ်စစ်မော်တော် ယာဉ်နှင့် ဟိုက်ဒရိုဂျင်သုံး ကားများ အတွက်   အခြေခံအဆောက်အဦကို တိုးချဲ့ဆောင်ရွက်ရန်နှင့် အလိုအလျောက် စနစ်သုံးယာဉ်များအတွက် စစ်ဆေးရေး ဌာနများ တည်ထောင်ရာတွင် အကူအညီ ပေးသွားရန် အစိုးရက ကတိပြုထား သည်။