မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၉၂၇ သန်းတန်ဖိုးရှိ ကဏန်းပျော့ ၈၄ တန်ကျော်၊ ကဏန်းနီ ၇၅ တန်ကျော် ၊ သဲကဏန်း ၃ တန်နီးပါးနဲ့ ကဏန်းသေးအသေ ၂ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အပြင် ငါးမျိုးစုံ ၅၁၅၁ တန်ကျော်၊ ငါးမှုန့် ၁၂၅၀ တန်ကျော်၊ ပုစွန် ၁၈၄ တန်ကျော်၊ ရေငန်ပုစွန် ၇၄ တန်ကျော်၊ ရော်ဘာကွန်ပေါင်း RSS-3 တန် ၂၇၀၊ ကင်းမွန် ၃၄ တန်ကျော် ၊ ကင်းမွန်ခြောက် ၄၇ တန်ကျော်၊ ငါးအသားလွှာ ၇၂ တန်၊ RUBBER MSR-20 တန် ၅၀၊ ပုစွန်ခြောက် ၅ တန်ကျော်၊ ငါးခြောက် ၁၂ တန်၊ ရေခူခြောက် ၆ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၆၁ သန်းတန်ဖိုးရှိ ငါးခြောက်မျိုးစုံ ၂၇၉ တန်ခန့်တင်ပို့နိုင်ခဲ့ပါတယ်။တင်ပို့ခဲ့တဲ့ ငါးခြောက်အမျိုးအစားများမှာ ငါးနီတူခြောက် တန်၃၀၊ ငါးစုံလေးခြောက် ၂၃၉ တန်ခန့်နဲ့ ငါးကုန်းညိုခြောက် ၁၀ တန်ဖြစ် ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် တန် ၁၂၀ ခန့်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ မြဝတီကုန်သွယ်ရေးဇုန်က ဖေဖော်ဝါရီလလုပ်ငန်းဆောင်ရွက်မှုဟာ အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ကုန်သွယ်မှုပိုမိုခဲ့ ပါတယ်။
တရားမဝင်ပစ္စည်းများတင်ဆောင်လာတဲ့ ယာဉ်နှစ်စီး ရှောင်ကွင်းလမ်းအတွင်းဖြတ်သန်းမောင်းနှင်သွားကြောင်း လာရောက်သတင်းပေးတိုင်ကြားချက်အရ Mobile Team နောင်ချိုအဖွဲ့မှ လိုက်လံပိတ်ဆို့တားဆီးခဲ့ရာ ဂုတ်တွင်းမရောက်မီ ယခင် မူးယစ်ဂိတ်ဟောင်းအနီးမှာ ပါဂျဲရိုးနှစ်စီးအား တားဆီး၍ လရ-၁ ယာယီအခြေပြုရာ သို့ မောင်းနှင်ခေါ်ဆောင်ပြီး အသေးစိတ်စစ်ဆေးခဲ့ပါတယ်။
ယာဉ်များအား စစ်ဆေးနေစဉ် ယာဉ်မောင်းနှစ်ဦးလုံး ထွက်ပြေးတိမ်း ရှောင်သွားကြသဖြင့် တားဆီးရမိ ပါဂျဲ ရိုးနှစ်စီးနဲ့အတူ ယာဉ်ပေါ်မှာ တရားမဝင်တင်ဆောင်လာတဲ့ အမဲ သားခြောက်များနဲ့ တမလန်းလို့ ယူဆရသော သစ်တုံး ၂၁ တုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် ထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် မတ်လ ၂ ရက်နေ့ ၁၁ း ၁၅ ချိန်တွင် အေးရှားဝေါလ်တိုးဂိတ်အနီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တရားမဝင်တင်ဆောင်လာတဲ့ ဒိုင်နာယာဉ်အမှတ် 8k/ xxxx ပေါ်မှ တရုတ်ဘီယာဖာ ၅၀ ကိုသိမ်းဆည်းရမိခဲ့ပါတယ်။ ယင်းနေ့ ၁၆ း ၁၅ ချိန်တွင်လည်း အဆိုပါနေရာတွင် ထော်လာ ဂျီယာဉ်နဲ့ စူပါကာစတန်ယာဉ်ပေါ်မှ တရားမဝင်တင်ဆောင်လာသော တရုတ်ဘီယာဖာ ၄၀ ကိုထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။ ယာဉ်သုံးစီးပေါ်မှ သိမ်း ဆည်းရမိ တရုတ်ဘီယာများရဲ့ ခန့်မှန်းတန်ဖိုးမှာကျပ် ၅ သိန်း ၄ သောင်းခန့်ဖြစ်ပြီး အဖွဲ့စုံဖြင့်စစ်ဆေးကာ မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့ လွှဲ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လ ၇ ရက်မှ ၁၃ ရက်အထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၈ ဒသမ ၂၉၅ သန်းတန်ဖိုးရှိ ဆန် ၂၂၆၀၁ တန်ကျော်တင်ပို့ခဲ့ပါတယ်။မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၁၃၇၀၂ တန်နဲ့ ဧည့်မထ ၅၈၉၉ တန်တင်ပို့ပြီး လွယ်ဂျယ် စခန်းမှ တန် ၃၀၀၀ တင်ပို့ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်ကထက် ၇၇၅၉ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ နယ်စပ်ဒေသနေပြည်သူများ၊ အသေးစားပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံတိုင်းရင်းသားများ ကုန်သွယ်မှု လွယ်ကူစွာဆောင်ရွက်နိုင်ရန်၊ တရားမဝင်ကုန်သွယ်မှုများ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ရောက်ရှိပြီး ကုန်သွယ်မှုပမာဏတိုးမြှင့်လာစေရန်နဲ့ နိုင်ငံတော်အတွက် အခွန်အခများတိုးတက်ရရှိစေရေးတို့အတွက် တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် Individual Trading Card (ITC) ထုတ်ပေး၍ ကုန်သွယ်မှုလုပ်ငန်း များ ဆောင်ရွက်ခွင့်ပြုလျက်ရှိပါတယ်။
မတ်လ ပထမပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅၇၃၃၇ တန်ဖိုးရှိ ကြက်သွန်နီ တန်ချိန် ၃၂၀ ကို တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က ၅၇ တန်သာ တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ်မူဆယ်မှ ကြက်သွန်နီပိုမိုတင်ပို့လာတာတွေ့ရပါတယ်။ အလားတူ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ လည်း ကန်ဒေါ်လာ ၁၀၅၁၃၅ တန်ဖိုးရှိ ကြက်သွန်နီ ၄၁၇ တန်နဲ့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန် သွယ်ရေးမှ ကန် ဒေါ်လာ ၆၂၅၅ တန်ဖိုးရှိ ကြက်သွန်နီ ၂၂ တန်ခွဲ တင်ပို့ခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ မတ်လပထမပတ်တွင် ကန်ဒေါ်လာ ၃၂၀၅၈ တန်ဖိုးရှိ ချင်းခြောက် ၁၆တန်ခွဲနဲ့ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁၃၆၇၈ တန်ဖိုးရှိ ချင်းစို ၁၈ တန်တင်ပို့ခဲ့ပါတယ်။
ယခင်သီတင်းပတ်က နယ်စပ်စခန်းတွေမှ ချင်းတင်ပို့မှုမရှိခဲ့ပါဘူး။ ယခင်က ချင်းခြောက်တစ်တန်ကို ၁၇၈၄၀၀၀ ကျပ်ရှိရာမှ ယခုကာလမှာတော့ ၂၀၂၈၀၀၀ ကျပ်ထိ ဈေးမြင့် တက်လာတာတွေ့ရပါတယ်။ စစ်တွေမှ ဝယ်လက်တွေက အောင်ပန်း၊ တောင်ကြီးမြို့များရှိ တောင်သူတွေထံ တိုက်ရိုက်သွားရောက်ဝယ်ယူကြတယ်လို့သိရပါတယ်။
ရှမ်းနနွင်းလည်း ရောင်းအားကောင်းလာပါတယ်။ ပြည်တွင်းပြည်ပဝယ်လက်တွေ ကြိုက်လာတာကြောင့် အရင်နှစ်ကထက် အများကြီးကို အရောင်းသွက်လာတယ်လို့သိရပါ တယ်။
မူဆယ်ဝယ်လက်တွေကတော့ ချင်းကိုထိပ်စလိုချင်ပေမယ့် နနွင်းကိုတော့ သိပ်ကောင်းတာကိုမဝယ်ပါဘူး။ ဝယ်ချင်တယ်လို့ ကမ်းလှမ်းပေမယ့် တကယ်တမ်းတော့ ဈေးက လည်းမဖွင့်သေးပါဘူး။ နနွင်းဈေးကို စောင့်ကြည့်နေတာလို့လည်း ဒေသခံတွေထံကသိရပါတယ်။ မူဆယ်ဝယ်လက်တွေက နနွင်းကိုအောက်ဈေးနဲ့သာရချင်နေသလို တောင် သူတွေ၊ ကုန်သည်တွေကလည်း ဒီထက်ဈေးပိုရရင်သာရောင်းမယ်၊ နိမ့်ရင်တော့ မရောင်းနိုင်ဘူးလို့သိရပါတယ်။