DotBorderdep

၂၀၂၂ခုနှစ်၊ အောက်တိုဘာလ  ၃ ရက်နေ့

 

မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ ၊ သစ်တောထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများ ကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ တစ်ဆင့် စဉ်ဆက်မပြတ် တင်ပို့လျက်ရှိပါသည်။ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် သို့ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကွမ်းသီး၊အုန်းသီးခြောက်၊ ဂျင်း(အစို)၊ ဇီးဖတ်၊ မကျည်းဖတ်၊

မန်ကျည်းစေ့၊ နနွင်းတက်၊ စစ်တုံဥ၊ ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ ဇီးသီးခြောက်၊ ဒညှင်းသီး စသည်တို့ကို နယ်စပ်မှတစ်ဆင့် တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါသည်။

mocadmin

   ကော့သောင်းကုန်သွယ်ရေးစခန်းမှ (၂၀-၉-၂၀၂၂) ရက်နေ့တွင် ပို့ကုန်အနေဖြင့် ငါးမျိုးစုံ (၈၆၀) တန်၊ တန်ဖိုး (၀.၉၃၆) ဒေါ်လာသန်းနှင့် သီဟိုစေ့ (၅) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာ သန်း တင်ပို့ခဲ့ပါသည်။ သွင်းကုန်အနေဖြင့် ဓာတုကုန်ကြမ်းများ (၃၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်းများ (၁၇) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်းနှင့် ပီလောပီနံ မှုန့် (၉၀) တန်၊ တန်ဖိုး (၀.၀၃၁) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပြီး နယ်မြေအခြေအနေ တည်ငြိမ် အေးချမ်းစွာဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကား စည်ကားလျက်ရှိကြောင်း သိရှိရပါ သည်။

admin_ygn

သြဂုတ်လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၇၄ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ  ၈ ဒသမ ၈၈၄ သန်းရှိပြီး ကုန် သွယ်မှုပမာဏ ၁၇ ဒသမ ၂၅၈ သန်းဖြစ်၍ ကာလတူ ဆောင်ရွက်မှု နှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၆ ဒသမ ၅၆၆ သန်းပိုမိုခဲ့ပြီး  သွင်းကုန် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၆၅ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည  ဒသမ ၃၉၉ သန်း လျော့နည်းခဲ့ ကြောင်း သိရသည်။

admin_ygn

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ ယခုဘဏ္ဍာနှစ် သြဂုတ်လအတွင်း လုပ်ငန်းဆောင် ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၈၅၆သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၃၂၂ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၁၇၈သန်း ဆောင်ရွက်ခဲ့သည်။ ယမန်နှစ်ကာလ တူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တွင် အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၂၂၈သန်း၊ သွင်းကုန်တွင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၄၀ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၄၆ ဒသမ ၄၆၈ သန်း ပိုမိုခဲ့ကြောင်း သိရှိရသည်။

admin_ygn

ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင်ကုန်အထိ လေးလအတွင်း မြန်မာ နိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပျားရည် မက်ထရစ်တန်ချိန်  ၇၀ဝ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။လက်ရှိ ဘဏ္ဍာနှစ်အတွင်း ပျားရည်တင်ပို့ခဲ့သည့်နိုင်ငံများတွင်  တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ စင်ကာပူအစရှိသော နိုင်ငံများပါဝင်ပြီး တင်ပို့ခဲ့သည့်ပျားရည်အမျိုးအစား လေးမျိုး အနက် ဆီး(ဇီး)ပျားရည်ကို အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကာ  ပန်းနှမ်းပျားရည်၊  ပန်းစုံပျားရည်၊ နေကြာပျားရည်တို့ကိုလည်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။အဆိုပါ

admin_ygn

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ် သြဂုတ် ၈ ရက်တွင် International Rice Market Website ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၈ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၄၁ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည် ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၃၅ ဒေါ်လာ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၄၂၁ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၅ ဒေါ်

admin_ygn

ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၂၅၃ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၀၈၄၀ တင်ပို့ခဲ့ကြောင်း သိရသည်။တင်ပို့မှုအနေဖြင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရော်ဘာ တန်ချိန် ၇၅၂၀၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၁၇၀၊  ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၉၀ဝ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၈၈၀ ကျော်၊ ဂျပန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာ တန်ချိန် ၂၆၀ အသီးသီး တင်ပို့နိုင်ခဲ့သည်။ဇူလိုင်လအတွင်း မြန်မာ-ထိုင်း နယ်စပ်လမ်းကြောင်းမှ ရော်ဘာတန်ချိန် ၁၃၇၀ကျော်နှင့် မြန်မာ-တရု

admin_ygn

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံး ဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီ စေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့်  ဝယ်ယူစားသုံးနိုင်စေရေးအတွက်  ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည့်အပြင် အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကိုလည်း အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိသည်။စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ် တာဝန်ခံများအနေဖြင့်လည်း  စား

admin_ygn

ချင်းပြည်နယ်တွင် ချင်းလူမျိုးတို့၏ ရိုးရာအစားအစာအဖြစ် ဆာဘူးသီးသည် ယခုအခါချင်းတိုင်းရင်းသားများ သာမက  အခြား တိုင်းရင်းသားများက ပင် အဆာပြေအဖြစ် စားသုံးမှုပိုမိုများလာသည့် အစားအစာတစ်မျိုးဖြစ်သည်။ဆာဘူးသီးစားသုံးသော ဓလေ့များ တစ်နေရာနှင့် တစ်နေရာ အခေါ် ဝေါ်ခြင်း မတူညီကြပေ။တီးတိန်စကား ဖြင့် ဘိုင်မကျင်းဟုသော်လည်းကောင်း၊ ချင်းတောင်ပိုင်းဒေသ မင်းတပ်၊ မတူပီ၊  ကန်ပက်လက်နှင့် ပလက်ဝဒေသများ တွင် ဒေတွီဟုလည်းကောင်း၊  ဟားခါး စကားဖြင့် ဆာဘူးသီးဟုအမျိုးမျိုးခေါ် ဝေါ်ကြကြောင်း လေ့လာသိရှိရသည်။ပထဝီအနေအထားအရ ချင်းတောင်ဒေသများတွင် ရှေးအခါက ဆန်စပါးထက် ပြောင်းသီးနှံကို