ယခုကာလသည် ဖရဲသီးများ စတင်ထွက်ပေါ်ချိန်ဖြစ်ပြီး ပြည်တွင်း၌ အရောင်းသွက် ဈေးကောင်းရနေပြီး ဖရဲစိုက်တောင်သူတွေအတွက် တွက်ခြေကိုက်နေကြောင်း သိရသည်။ ဖရဲကို တရုတ်ဈေးကွက်သို့ အဓိကထား တင်ပို့လျက်ရှိသည်။ ယခုရက်ပိုင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တစ်ရက်လျှင် ဖရဲကားစီးရေ ၁၀ဝ ခန့် တန်ချိန် ၂၀ဝ၀ ခန့် တစ်တန်လျှင် တရုတ်ယွမ် ၅၀ဝ၀ မြန်မာငွေကျပ် ၁၀ သိန်းခန့် ပေါက်ဈေးရှိသည်။ ယခင် အပတ်များတွင် တရုတ်ယွမ် ၇၀ဝ၀အထိ ပေါက် ဈေးရှိခဲ့သော်လည်း ယခု အပတ်တွင် ယာဉ်များပိတ်ဆို့ပြီး လမ်းခရီးကြန့်ကြာမှုများဖြစ်၍ တရုတ် ဈေးကွက်ရောက်တာနဲ့ ဖရဲအရည်အသွေး ကျသ
စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက် ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၁ ရက် တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ဈေးနှုန်း များအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၉ နိုင်ငံအနက် ဈေးနှုန်းမြင့်တက်ခဲ့ သည့် နိုင်ငံပေါင်း ၄၇ နိုင်ငံရှိပြီး ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်သည့် အာဂျင်တီးနားနိုင်ငံတွင် ယခင်တစ်ပတ်ဈေးနှုန်းထက် ၈ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း တွေ့ရှိရသည်။ ယခုတစ်ပတ်အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊
၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် နှစ်သစ်နှင့်အတူ မြန်မာ့ ချင်းစိမ်းများ အင်္ဂလန်သို့ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အင်္ဂလန်အနေဖြင့် EU မှ ထွက်ခွာတော့မည်ဖြစ်သည့် အပြင် လတ်တလောကာလတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ် တွေ့ရှိသဖြင့် ဥရောပနှင့်အဆက်အသွယ်ပြတ်ပြီး စားသောက် ကုန် လိုအပ်ချက်မြင့်တက်နေကြောင်း သတင်းများအရ သိရှိ ရသည်။ ချင်းကို မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးကြပြီး တောင်ပေါ်ဒေသများ၌ ပိုမိုစိုက်ပျိုးကြောင်း၊ ဟင်းခတ်အမွှေး အကြိုင်အဖြစ် လည်းကောင်း၊ ပရဆေးအဖြစ်လည်းကောင်း အသုံးပြုကြကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၂၀ ပြည့်နှစ် ဘဏ္ဍာရေးအက်ဥပဒေတွင် ၂၀၁၆ ခုနှစ်၌ စတင် ပြဋ္ဌာန်းခဲ့သောEqualisation Levy ပ ခေါ် တန်း တူညီမျှမှု စည်းကြပ်အခွန်အား ပိုမိုကျယ်ပြန့် စွာဖြင့် ပြည်ပအခြေစိုက် E-commerce လုပ်ငန်း များ၏ အိန္ဒိယနိုင်ငံအတွင်း စီးပွားရေးလုပ်ဆောင်မှု များအပေါ် တိုးချဲ့ကောက်ခံမည်ဖြစ်ကြောင်း ပြင်ဆင်ချက်ထည့်သွင်း ပြဋ္ဌာန်းခဲ့သည်။
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ် အောင်ပန်းမြို့မှ အာလူး များ ဝင်ရောက်လျက်ရှိပြီး ဇူလိုင် ၂၃ ရက်တွင် အောင်ပန်းမြို့မှ ဝင်ရောက် လာသော အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ အာလူး ဗ၁ ကျပ် ၅၈၀၊ အာလူး ဥု ကျပ် ၇၀ဝ၊ အာလူး ှ၁ ကျပ် ၇၅၀၊ အာလူး ှ၂ ကျပ် ၈၃၀ ဈေးနှုန်းအသီးသီးဖြစ်သည်။ အောင်ပန်းအာလူးဈေးများမှာ ယခင်တစ် ပတ် ဈေးနှုန်းထက် အာလူး ဗ၁ ကျပ် ၂၀၊ အာလူး ဥု ကျပ် ၄၀၊ အာလူး ှ၁ ကျပ် ၅၀၊ အာလူး ှ၂ မှာ ကျပ် ၁၅၀ ခန့်စီ ဈေးနှုန်းမြင့်တက်လာကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။
မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံ သို့ နေ့စဉ် သစ်သီးဝလံများ တင်ပို့လျက်ရှိရာ ဇူလိုင် ၁ ရက် မှ ၇ ရက်အထိ သခွားတင်ပို့မှု မရှိသော်လည်း သရက် ၇၈ စီး၊ ၄၄၉ တန်နှင့် ဖရဲသီးနှစ်စီး၊ တန် ၃၀ တင်ပို့နိုင်ခဲ့သည်။
ဇွန်လနောက်ဆုံးပတ်နှင့် ယခုအပတ်တင်ပို့မှု နှိုင်းယှဉ် လျှင် ဇွန် ၂၄ မှ ၃၀ ရက်အတွင်း တင်ပို့မှု ၂၁၃ စီး၊ ၁၂၈၁ ဒသမ ၅ တန်ဖြစ်သည့်အတွက် ယခုတစ်ပတ်တွင် သရက် တင်ပို့ မှုမှာ ၈၃၂ ဒသမ၅ တန် လျော့နည်းခဲ့သည်။ သရက် သီးဈေးနှုန်းမှာ ဇွန် ၂၂ ရက်မှစ၍ ကျဆင်းလျက်ရှိပြီး ဇွန်၇ ရက်တွင် တစ်တန်လျှင် ၃၀ဝ၀ ယွမ်ဖြင့် သရက်သီးဈေးနှုန်း ကျဆင်းလျက်ရှိသည်။
မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ နေ့စဉ်သစ်သီးဝလံများ တင်ပို့လျက်ရှိရာ ဇွန် ၂၂ ရက်မှ ၂၉ ရက်အထိ ဖရဲသခွားတင်ပို့မှု မရှိသော်လည်း သရက် ၂၈၈ စီး၊ ၁၆၂၆ ဒသမ ၅ တန် တင်ပို့နိုင်ခဲ့သည်။
ဇွန်လ တတိယပတ်နှင့် ယခုပတ်တင်ပို့မှုနှိုင်းယှဉ်လျှင် ဇွန် ၁၅ ရက်မှ ၂၁ ရက်အတွင်း တင်ပို့မှု ၅၃၈ စီး၊ ၃၄၄၇ တန် ဖြစ်သည့်အတွက် ယခုတစ်ပတ်တွင် သရက်တင်ပို့မှုမှာ ၁၈၂၀ ဒသမ ၅ တန် လျော့နည်းခဲ့သည်။ သရက်သီးဈေးနှုန်းမှာ ဇွန် ၂၂ ရက်မှစ၍ ကျဆင်းလျက်ရှိပြီး ဇွန် ၂၉ ရက်တွင် တစ်တန်လျှင် ၄၈၀ဝ ယွမ်ဖြင့် ဈေးနှုန်းကျဆင်းလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ ငါး၊ ပုစွန်မွေးမြူရေးကန် ဧက ပေါင်း ငါးသိန်းနီးပါးခန့် မွေးမြူထုတ်လုပ်လျက်ရှိသည်။ ငါး၊ ပုစွန်မွေးမြူရေးကန်များကို လယ်ယာ မြေနှင့် မြေလွတ်၊ မြေရိုင်းများပေါ်တွင် တူးဖော် မွေးမြူနေကြခြင်းဖြစ်သည်။ ယခင်ပြဋ္ဌာန်းကျင့်သုံးခဲ့သည့် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးဥပဒေနှင့် ယခုလက်ရှိ တည်ဆဲ ဥပဒေဖြစ်သည့် လယ်ယာမြေဥပဒေများတွင် ငါး မွေးမြူရေးလုပ်ငန်းများအတွက် အခြားနည်းလမ်း ဖြင့် အသုံးပြုခွင့်လျှောက်ထားရမည်ဟု ပါရှိသော် လည်း လက်တွေ့လျှောက်ထားရာတွင် အဟန့် အတား အမျိုးမျိုးကြောင့် ငါး၊ ပုစွန် မွေးမြူရေးကန် ပေါင်းဧက ၁၂၀ဝ၀ဝ ခန့်သာ