သြဂုတ် ၄ ရက်မှ ၁၀ရက်သီတင်းပတ်အတွင်းချင်း ၈၈၁ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့သည်။ ယခုတစ်ပတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၈၅၇ တန်နှင့် အိန္ဒိယနိုင်ငံသို့ ၂၄ တန် တင်ပို့ခဲ့ကြောင်းသိရသည်။ ယခင်သီတင်းပတ်က ချင်း ၆၀၈ တန်တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ၂၇၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ယခု တစ်ပတ် ချင်းစိုနှင့် ချင်းခြောက်တင်ပို့ခဲ့ရာ ချင်းစိုက တစ်တန်ကို ပျမ်းမျှ အမေရိ ကန်ဒေါ်လာ ၁၈၅-၂၀၀ ရရှိခဲ့ပြီး ချင်းတစ်တန် က အမေရိကန်ဒေါ်လာ ၈၉၅ ဒေါ်လာရရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် ချင်းတင်ပို့မှုမှ
မူဆယ်မှ တရုတ်နယ်စပ်သို့ ကြက်သွန်နီ တင်ပို့မှုမှာ သြဂုတ် ၇ ရက်မှ ၁၃ ရက်အထိ ကြက်သွန် နီတင်ပို့တန်ချိန်မှာ ၁၈၆၄ ဒသမ ၇၅ တန်၊ တစ်တန်ဈေးမှာယွမ် ၁၈၆၀ ဖြစ်ပြီး မြန်မာကျပ်ငွေအနေဖြင့် ကျပ် ၄၀၀၀၀၀၊ တစ်ပိဿာဈေး အနေဖြင့် ၂ ဒသမ ၉ ယွမ်၊ မြန်မာငွေကျပ် ၆၄၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သည်။
သြဂုတ် ၃ ရက်မှ ၉ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နွား(အရှင်) အရေအတွက် ၃၀၀ တင်ပို့ခဲ့ပြီး ဒေါ်လာ ၃၆၀၀၀၀ ဖိုး တင်ပို့ခဲ့သည်။ ယခင်တစ်ပတ် ဇူလိုင် ၂၇ရက်မှ သြဂုတ်၂ ရက်အထိ နွား(အရှင်) အရေ အတွက် ၁၀၀ ုွ တင်ပို့ခဲ့ပြီး ဒေါ်လာ ၁၂၀၀၀၀ ဖိုးတင်ပို့ခဲ့သည်ဟု သိရှိရသည်။ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် နွား(အရှင်)အရေအတွက် ၂၀၀ ပိုမိုတင်ပို့ ခဲ့ပြီး ဒေါ်လာ ၂၄၀၀၀၀ အထိ တင်ပို့နိုင်ခဲ့ကြောင်းသိရှိရသည်။
မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၂၇ ရက်မှ ဩဂုတ် ၂ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာနှစ်သန်းကျော် တန်ဖိုးရှိ ဆန်တန်ချိန် ၈၀ဝ၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် ဆန်တင်ပို့မှုများမှာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန် တန်ချိန် ၇၃၀ဝ ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ တန်ချိန် ၅၀ဝခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှ ဆန်တန်ချိန် ၁၆၀ ကျော်တင်ပို့ခဲ့သည်။ ဇူလိုင် လတစ်လလုံးတွင် အဆိုပါကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ရှစ်သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၂၉၀ဝ၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်လ တင်ပို့မှုနှင့် နှိုင်းယှဉ် ပါက တန်ချိ
ဂျပန်ဘာသာဖြင့် Edamame ၊ တရုတ်ဘာသာဖြင့် Moa Dou လို့ ခေါ်တဲ့ ရွှေပဲသီး ခေါ် ပဲပုပ်ကြီး (Edible Soy Bean)ကို နိုင်ငံတကာ ဈေးကွက်၌ ဈေးကြီးပေးဝယ်ယူ စားသောက်နေကြသည်ကို တွေ့ရှိရသည်။ ပဲသီးအေ တာင့်လိုက်ကို ဆားအနည်းငယ်ထည့်ပြုတ်ပြီး သရေစာအဖြစ် သော်လည်းကောင်း၊ အစာမစားမီ နှုတ်မြိန်စေရန်သော်လည်းကောင်း စားသုံးကြသည်။ တရုတ်လူမျိုးများသည် ရွှေပဲသီးကို အသားငါးများ သို့မဟုတ် အခြား အသီး ရွက်များနှင့် ရောနှော ချက်ပြုတ်စားသောက်ကြသည်။ အစေ့ ၅၀ ပါ တစ်ထုပ်ကို အမေရိကန်နိုင်ငံဈေးကွက်၌ ၂ ဒသမ ၉၅ ဒေါ်လာ ဈေး ပေါက်ပြီး တရုတ်ဈေးကွက်၌ ၃ ဒသမ ၀၈ ဒေါ်လာ၊ အစေ့ ၅၀၀ ပါ (လေးေ အာင်စ)တစ်ထုပ်
ထိုင်းနိုင်ငံ၏ ပို့ကုန်များမှာ ယေဘုယျအားဖြင့် ကျဆင်းနေသော်လည်း နယ်စပ်မှတစ်ဆင့် ဖြတ်သန်းကုန်သွယ်မှုတို့မှာ ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ် ပါက ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်တွင် ၁ ဒသမ ၂ ရာခိုင်နှုန်း တိုးတက် လျက်ရှိ ကြောင်း သိရှိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ပကုန်သွယ် ရေးဦးစီးဌာန၏ပြောကြားချက်အရ ထိုင်းနိုင်ငံ၏ တစ်ဆင့်ဖြတ်သန်း ကုန် သွယ်မှု (Transit Trade)အပါအဝင် နယ်စပ် ဖြတ်ေ ကျာ်ကုန်သွယ်မှု (Cross Border Trade) စုစုပေါင်းမှာ ယခုနှစ် ဇွန်လအထိ ဘတ်ငွေ ၆၈၆ ဒသမ ၄၃ ဘီလီယံရှိကြောင်း သိရှိရသည်။ တစ်ဆင့် ဖြတ်သန်းကုန်သွယ်မှုတွင် တစ်နိုင်ငံ ထက်ပိုမျာ
ယခုရက်သတပတ်အတွင်းဇူလိုင် ၁၇ ရက်မှ ၂၃ ရက် အထိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်သို့တင်ပို့ လျက်ရှိသော ကြက်သွန်နီများ ဈေးအနည်းငယ်ကျဆင်း ခဲ့သည်။ ဇူလိုင် ၁ ရက်မှ ၁၆ ရက်ထိ ကြက်သွန်နီတစ်ပိဿာ ဈေးနှုန်းမှာ ကျပ် ၈၀ဝ ဝန်းကျင်ဈေး အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်အတွင်း ကြက်သွန်နီဈေးမှာတစ် ပိဿာ ကျပ် ၇၅၀ –၇၂၀ ဝန်းကျင်အထိ ကျဆင်းခဲ့သဖြင့် ယခင်ရက်သတ္တနှစ်ပတ်တွင် ဖြစ်ပေါ်ခဲ့သောဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင်ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၀ဝ ဝန်းကျင်ကျဆင်းခဲ့သည်။
၁၀၀ ဂရမ်အောက် ကဏန်းများ ပြည်ပသို့ တင်ပို့နေမှု များကြောင့် ပြည်တွင်း၌ ကုန်ကြမ်းများ ရှားပါးလာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဇူလိုင် ၉ ရက်တွင်ပြောသည်။ "အခုနောက်ပိုင်းမှာ ကဏန်းပျော့လုပ်ငန်းတွေ အတွက် ကုန်ရှားလာတယ်။ အခွံမာကဏန်းတွေ ပြည်ပကို တင်ပို့တဲ့အခါမှာ ၁၀၀ ဂရမ်အရွယ်အစားရှိတဲ့ ကဏန်းတွေကိုပါ ပြည်ပတင်ပို့တာတွေ လုပ်ကိုင်လာကြတော့ ကုန်ရှား လာတယ်။ ငါးဦးစီးအနေနဲ့အရင်တုန်းကတော့ ၁၀၀ ဂရမ်အောက် ဆိုရင် မဖမ်းရဘူး၊ မရောင်းရဘူး၊ ပြည်ပ မတင်ပို့ရဘူးဆိုပြီး သတ်မှတ်ထားပေမယ့် ၂၀၁၀ ခုနှစ်မှာ ဒီလုပ်ငန်းတွေကို ဖွင့် ပေးလိုက်တော့ ဒရဟော ထွက်က
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ ၂၀၁၉ ရာသီတွင် သစ်သီးဝလံများ တင်ပို့လျက်ရှိရာ ဖရဲတင်ပို့မှုမှာ မေ ၁၈ ရက်အထိ ဆက်တိုက် နေ့စဉ်တင်ပို့ခဲ့သော်လည်း မေ ၁၈ ရက် နောက်ပိုင်းတွင် အနည်း ငယ်သာ တင်ပို့ခဲ့ပြီး နေ့စဉ်တင်ပို့ခြင်းမရှိပေ။ ဇွန်လတွင် ဖရဲကား ခုနစ် စီး၊ ၁၀၃ ဒသမ၅တန်နှင့်သခွားတစ်စီး ခုနှစ်တန် သာ တင်ပို့နိုင်ခဲ့သည်။ သရက်သီးတင်ပို့မှုမှာ ဧပြီလပထမပတ်တွင် စတင်ခဲ့ပြီး ဧပြီ၊ မေ၊ ဇွန်လအထိ လှိုင်လှိုင်တင်ပို့ နိုင်ခဲ့သည်။ မေလတွင်၂၁၆၇၈ တန်၊ ဇွန်လတွင် ၁၉၅၆၉ တန်၊ ဇူလိုင်လတွင် တင်ပို့မှုအနည်းငယ် လျော့နည်းစပ
တရုတ်နိုင်ငံဘက်မှ အဝယ်ရပ်ဆိုင်းထားသောကြောင့် မူဆယ်နယ်စပ်တွင် သောင်တင်နေသည့် မြန်မာ့ဆန်များကို ယင်းနိုင်ငံမှ ပြန်လည်ဝယ်ယူနေ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ဝယ်ယူမှုကြောင့် မူဆယ်နယ်စပ်၌ သောင်တင်နေခဲ့သည့် ဆန်တန်ချိန် ငါးသောင်းကျော်မှာ လက်ရှိတွင်တန်ချိန် နှစ်သောင်းလောက်သာ ကျန်ရှိတော့ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင် လွင်က ဇူလိုင် ၄ ရက်တွင် ပြောသည်။ "အခု မူဆယ်ဘက်ကနေ တစ်နေ့ကို တန်ချိန် ၁၀၀၀၊ ၁၅၀၀ လောက် ထွက်နေတယ်။ အခုနောက်ပိုင်းမှာ တန်ချိန် နှစ်သောင်းလောက်ပဲရှိတော့တယ် ဆိုတော့ နေ့စဉ်ဆန်တွေ ထွက်နေ တယ်။