ကမ္ဘာပေါ်ရှိ ဗဟိုဘဏ်များ မရေရာမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နိုင်

          ဥရောပသမဂ္ဂ (အီးယူ)မှ ဗြိတိန် နိုင်ငံ နုတ်ထွက်မယ့် အလားအလာဖြစ် တဲ့ လတ်တလော အကြောင်းရင်းမှသည် အသက်အရွယ်ကြီးရင့်သူဦးရေ မြင့် တက်မှုအပါအဝင်  ရေရှည်အကျိုးဆက် များအထိဖြစ်ပေါ်နေတဲ့  အကြောင်းတရားတွေကြောင့်   ကမ္ဘာ့နိုင်ငံအသီး သီးရှိ ဗဟိုဘဏ်တွေအနေနဲ့  ဘာဆက် လုပ်လို့ လုပ်ရမှန်းမသိတဲ့ အခြေအနေ မျိုး ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဘလွမ်း ဘတ်သတင်းမှာ ဖော်ပြထားပါတယ်။ ဇွန် ၂၃ ရက် မှာ  ပြုလုပ်မယ့် အီးယူမှ ဗြိတိန်နိုင်ငံ  နုတ်ထွက်ရေး၊ မနုတ်ထွက်ရေး မဲဆန္ဒပေးပွဲကို စောင့် ကြည့်လေ့လာနေကြတဲ့အတွက်  အမေ ရိကန်ပြည်ထောင်စု၊ ဂျပန်၊ ယူကေနဲ့ ဆွစ်ဇာလန်နိုင်ငံတို့မှ တာဝန်ရှိသူတွေ က ငွေကြေး မူဝါဒကို   မပြောင်းလဲဘဲ ဆက်လက်ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ခဲ့  ကြပါတယ်။
         "ရေရှည်မှာ   အတိုးနှုန်းတွေ ဘယ်လိုဆက်ပြီး  ထားရမယ်ဆိုတာကို ကျွန်မတို့ သေသေချာချာ မသိသေးပါ ဘူးလို့ " အမေရိကန်  ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျနက်ယယ်လင်က ပြောပါ တယ်။ ကုန် ထုတ်လုပ်မှု   ကျဆင်းခြင်းနဲ့ အသက် အရွယ်ကြီးရင့်သူဦးရေ  မြင့်တက်လာမှု ကြောင့် ချေးငွေအတွက် အတိုးနှုန်း ကို သမိုင်းဝင်စံချိန်တင်တဲ့နှုန်းအထိ လျှော့ ချပေးဖို့လိုနေတယ်လို့ ဆိုပါတယ်။ ကမ္ဘာမှာ အထင်ရှားဆုံးဖြစ်တဲ့ ဗဟိုဘဏ် လေးခုက   လိုအပ်တဲ့ အရေး ယူမှုတွေမဆောင်ရွက်နိုင်တာကို ကြည့် ခြင်းအားဖြင့် အလူးအလဲ ရုန်းကန်နေရ တဲ့ ကမ္ဘာ့စီးပွားရေးနဲ့   ကမ္ဘာ့ဘဏ္ဍာ ရေးဈေးကွက်တွေအတွက် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ဖြစ်နေပြီလို့ ရင်းနှီးမြှုပ်နှံသူတွေက ယူဆရမလိုဖြစ် နေပါတယ်။
         အီးယူမှ ဗြိတိန်နိုင်ငံနုတ်ထွက် ပါက ဖြစ်ပေါ် လာမယ့်  အခက်အခဲများ အတွက် စိုးရိမ်ပူပန်မှုများနဲ့ အတူပူးတွဲ ဖြစ်ပေါ်လာတဲ့  ဒီစိုးရိမ်မှုတွေကြောင့် ယခုရက်သတ္တပတ်အတွင်းမှာ ကမ္ဘာ့ စတော့ ဈေးတွေကျဆင်းခဲ့ပြီး ဘွန်း စာချုပ်ဈေးတွေလည်း ကျဆင်းခဲ့ပါ တယ်။ တချို့နေရာတွေမှာ မကြုံဖူး လောက်တဲ့အထိ ကျဆင်းမှုတွေဖြစ် ပေါ်ခဲ့ပါတယ်။ လွတ်လပ်တဲ့  ပြည်ထောင်စုဈေး ကွက်ကော်မတီက အတိုးနှုန်းကို မတိုးမြှင့်ဘဲ ဇွန် ၁၆ ရက်က ဆက်ထိန်း ထားရတဲ့အကြောင်းရင်းထဲမှာ ဗြိတိန် နိုင်ငံရဲ့ဆန္ဒခံယူပွဲကိစ္စလည်းပါကြောင်း ယယ်လင်က  ပြောပါတယ်။ အီးယူထဲ မှာဆက်မနေဖို့ ဗြိတိန်နိုင်ငံက  ဆုံး ဖြတ်ရင် ဂျပန်နိုင်ငံနဲ့ ဆွစ်ဇာလန်ငွေ ကြေးတွေက သက်ဆိုင်ရာနိုင်ငံတွေ ရဲ့ စီးပွားရေးကို  ထိခိုက်တဲ့အထိ တန်ဖိုး မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။