Egat သည် လျှပ်စစ်ထုတ်လုပ်မှု၏ ၅၀ ရာခိုင်နှုန်းရယူရန် စီစဉ်ဆောင်ရွက်

ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အား အာဏာပိုင်အဖွဲ့ Electricity Generating Authority of Thailand (Egat)  အနေဖြင့် ၎င်းင်း၏လျှပ်စစ်ထုတ် လုပ်မှုသည် ယခုလက်ရှိတွင် စုစုပေါင်း ထုတ်လုပ်မှု၏ ၃၇ရာခိုင်နှုန်းပါဝင်ရာမှ ၅၀ ရာခိုင်နှုန်းအထိ ပါဝင်နိုင်ရန် ရည် ရွယ်ထားကြောင်းနှင့်  သဘာဝဓာတ်ငွေ့ ကို အဓိကအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာမှ နောင်တွင် ကျောက်မီးသွေးနှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ကို အဓိကအသုံးပြု၍ ထုတ်လုပ်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။လွန်ခဲ့သည့်ခြောက်နှစ်က ထိုင်း နိုင်ငံ၏လျှပ်စစ်ထုတ်လုပ်မှုတွင် ပုဂ္ဂလိက လျှပ်စစ်ထုတ်လုပ်သူများနှင့်   အသေး စား    လျှပ်စစ်ထုတ်လုပ်သူများသည် အလွန်များပြားခဲ့သော်လည်း ယခုအချိန် တွင်၎င်းတို့၏ ထုတ်လုပ်မှုပါဝင်မှုအချိုး အစားသည် ကျဆင်းနေကြောင်း၊Egat အနေဖြင့်         လျှပ်စစ်ဓာတ်အားကို လုံလောက်စွာဖြန့်ဖြူးပေးရေး၊  လျှပ်စစ် ဓာတ်အားခလျှော့ချရေးနှင့် ဖန်လုံအိမ် ဓာတ်ငွေ့လျှော့ချရေး တို့ကို ဦးတည်လုပ် ဆောင်လျက်ရှိကြောင်း၊ Egat ၏ အကြီး အကဲKororasit Pakchotanon ကပြော ကြားခဲ့ပါသည်။ထိုင်းနိုင်ငံ၌ လွန်ခဲ့သည့်ခြောက် နှစ်မှစ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ် ရာတွင် သဘာဝဓာတ်ငွေ့ကို အဓိက အသုံးပြုခဲ့ကြောင်း၊ နောင်တချိန်တွင် ထုတ်လုပ်မှုစရိတ်သက်သာသော ကျောက်မီးသွေးကိုအဓိကအသုံးပြု၍ ပြောင်းလဲထုတ်ယူရန်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိ သည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များမှ လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်ရန် စီစဉ်ထားရှိကြောင်း၊ သဘာဝဓာတ်ငွေ့ဈေးနှုန်းသည် ကမ္ဘာ့ရေနံဈေးအတက် အကျပေါ်တွင်မူတည်သဖြင့် လျှပ်စစ် ဓာတ်အားခကို ပြင်ဆင်ရာ၌ အခက်အခဲ ရှိကြောင်းနှင့်သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှုသည်စုစုပေါင်းလျှပ်စစ်ထုတ် လုပ်မှု၏ ၇၆ ရာခိုင်နှုန်းရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု တွင် ပုဂ္ဂလိကလုပ်ငန်းများအား ပိုမိုခွင့်ပြု ခြင်းသည် Egat  ၏ မတည်ရင်းနှီးငွေကို လျှော့ချပေးနိုင်သော်လည်း နိုင်ငံ၏စွမ်းအင်မူဝါဒများအရ လျှပ်စစ်ကဏ္ဍ၌Egat  သည်အဓိကဦးဆောင်သည့် အဖွဲ့ အစည်းဖြစ်ရန်လိုအပ်ပါသည်။ ထိုင်း နိုင်ငံ၏ ၂၀၁၅-၂၀၃၆ ခုနှစ် အမျိုးသား စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံခြောက်ရုံကို တည်ဆောက် မည်ဖြစ်ပြီး ယင်းစက်ရုံများ၏ ၂၀၁၅-၂၀၂၅  ခုနှစ်အတွင်း လျှပ်စစ်ထုတ်လုပ် မှုသည် စုစုပေါင်း ၄၃၉၀ မီဂါဝပ် ရှိ မည် ဖြစ်ကြောင်းသိရပါသည်။ အဆိုပါ စက်ရုံခြောက်ခုအနက် ဆုန်ခလာပြည်နယ်နှင့် ကရာဘေးပြည်နယ်တို့တွင် တည် ဆောက်မည့် စက်ရုံနှစ်ရုံအား ၂၀၂၀-၂၀၂၂ ခုနှစ်တွင် စတင်လည်ပတ် မည် ဖြစ်ေ ကြာင်း ဖော်ပြ ထားပါ သည်။Egat  သည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ် မှုကို ယခင်ကမီဂါဝပ် ၅၆၀ ထုတ်ယူရန် လျာထားခဲ့ရာမှ ၂၀၃၆ ခုနှစ်တွင် ၁၅၀၀ မီဂါဝပ်မှ ၂၀၀၀ မီဂါဝပ်အထိ ထုတ်လုပ် ရန်လျာထား ချက်ကိုပြင်ဆင်ခဲ့ပါသည်။ လေအားနှင့်အသေးစားရေအားလျှပ်စစ် စက်ရုံများမှ အဓိကထုတ်ယူရန်စီမံခဲ့ရာ မှBiomass  ၊ ဆိုလာနှင့် စွန့်ပစ်အမှိုက် စသည့်အရင်းအမြစ်များကိုလည်း အသုံးပြုထုတ်လုပ်မည်ဖြစ်ပါသည်။ ထို့အပြင် Egat  အား အပြည်ပြည်ဆိုင်ရာကုမ္ပဏWholly-owned Egat International Company (Egati) တစ်ခုဖြစ်လာစေရန် စည်းမျဉ်းစည်းကမ်းများအား ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း ဖော်ပြထားပါ သည်။Egat  ၏ နိုင်ငံခြား တိုင်းပြည်များ၌ဖက်စပ်ဆောင်ရွက်လျက်ရှိသည့် စက်ရုံများမှာ လာအိုနိုင်ငံရNam Ngum နှင့်NamNgiepo  ရေအားလျှပ်စစ်စက်ရုံများ၊ မြန်မာနိုင်ငံရှိ  မိုင်းတုံရေအားလျှပ်စစ် စက်ရုံ၊ဗီယက်နမ်နိုင်ငံရှိQuang Tri  ကျောက် မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံတို့ဖြစ်ကြပါသည်။

ကျော်သူရ၊ စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ ဗန်ကောက်မြို့