လွယ်ဂျယ်ကုန်သွယ်ရေးစခန်း
( ၁ ) စခန်းအမည် - ကုန်သွယ်ရေးစခန်း(လွယ်ဂျယ်)
( ၂ ) စခန်းဖွင့်လှစ်ခဲ့သော ခုနှစ် - ကုန်သွယ်ရေးဝန်ကြီးဌာန၏ ၁၉၉၂ ခုနှစ်၊ မေလ (၇) ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် ( ၄/၉၂ ) အရ နယ်စပ်ကုန်သွယ်ရေး (ဗန်းမော်) ကို ၁၉၉၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့။ ၁၉၉၇ ခုနှစ် ၊ ဇန်နဝါရီလတွင် လုပ်ငန်းများ ခေတ္တရပ်ဆိုင်းခဲ့။ ၁၉၉၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လုံချွမ်ခရိုင်၊ ကျန်းဖုန်း မြို့နယ်၊ လိုင်ရင်းကျေးရွာနှင့် ကပ်လျက်တည်ရှိသော ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့တွင် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး (လွယ်ဂျယ်) ကို စတင်ဖွင့်လှစ်ခဲ့။
( ၃ ) တစ်ဖက်နိုင်ငံ စခန်းမြို့များ - တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လုံချွမ်ခရိုင်၊ ကျန်ဖုန်းမြို့နယ်၊ လိုင်ရင်းကျေးရွာ။
( ၄ ) မျက်နှာစာ - တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လုံချွမ်ခရိုင်၊ ကျန်ဖုန်းမြို့နယ်၊ လိုင်ရင်းကျေးရွာနှင့် ကပ်လျက်တည်ရှိသော ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့။
( ၅ ) ကုန်သွယ်မှုပြုလုပ်သည့်ငွေကြေး - ကျပ်၊ ယွမ်၊ ဒေါ်လာ (နိုင်ငံတော်မှ အခါအား လျော်စွာခွင့်ပြုသည့် ငွေကြေး)
( ၆ ) အများဆုံးတင်ပို့သော ကုန်စာရင်း - ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ တစ်ရှူး၊ ငှက်ပျော၊ ဖရဲသီး၊ ရော်ဘာ။
( ၇ ) အများဆုံးတင်သွင်းသောကုန်စာရင်း - မြေဆီ၊ ဘိလပ်မြေ၊ ချည်ထည်၊ လယ်ယာသုံး ပစ္စည်း၊ မော်တော် ဆိုင်ကယ်။
( ၈ ) ကုန်သွယ်မှုလမ်းကြောင်းပြမြေပုံ - ကုန်သွယ်မှုလမ်းကြောင်းပြမြေပုံ ပူးတွဲ (က)
( ၉ ) ကုန်သွယ်မှုလမ်းကြောင်းအကွာအဝေး -
လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းသည် လွယ်ဂျယ်-မိုးမောက်-ဗန်းမော် ကားလမ်းလွယ်ဂျယ်မြို့တွင် မြို့မရဲစခန်းနှင့် မြို့နယ် သစ်တောဦးစီးဌာနအကြား အမှတ် (၅) ရပ်ကွက်၊ ခန့်မှန်းမြေပုံညွှန်း LG-706768 တွင် တည်ရှိပြီး နယ်စပ် မျဉ်းနှင့် (၁) မိုင်ခန့်အကွာတွင် တည်ရှိပါသည်။
လွယ်ဂျယ် ဗန်းမော်လမ်းကြောင်းသည် ၅၆ မိုင်၊ ၄ ဖာလုံ ကွာဝေးပါသည်။ လွယ်ဂျယ်မှ ယောယုံထိ ၇ မိုင် ၄ ဖာလုံ၊ ရောယုံမှ စိန်လုံထိ ၁၇ မိုင်၊ စိန်လုံမှ လော်တန်ထိ ၁၀ မိုင်၊ လော်တန်မှ ကျောက်စခန်းအထိ ၁၁ မိုင်၊ ကျောက် စခန်းမှ မိုးမောက်ထိ ၂ မိုင် ၊ မိုးမောက်မှ ဗန်းမော်ထိ ၉ မိုင် ၊ လွယ်ဂျယ်-မိုးမောက်မှ မြစ်ကြီး နားထိ ၁၅၂ မိုင်ကွာဝေးပြီး ဗန်းမော်-မိုးမောက်-မြစ်ကြီးနားထိ ၁၁၄ မိုင် ကွာဝေးပါသည်။
(၁၀) လမ်းကြောင်းအကွာအဝေးပြမြေပုံ -
(၁၁) ကုန်သွယ်မှုလမ်းကြောင်းအကွာအဝေးပြမြေပုံ