မြန်မာ့ရေထွက်ကုန်တွေကို အမေရိကန်နိုင်ငံသို့တင်ပို့မယ်ဆိုရင်

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွား ရေး အစစအရာရာမှာ တခြားသောကမ္ဘာပေါ်ရှိ နိုင်ငံများထက်  သာ လွန်ကောင်းမွန်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။အမေရိကန်နိုင်ငံ ဟာ သူ့နိုင်ငံက  ထွက်ရှိတဲ့ ကုန် ပစ္စည်းများကို စံချိန်စံညွှန်း အရည်အသွေးတွေအပြင် ထုပ်ပိုးပစ္စည်းများရဲ့ အရည် အသွေးကိုပါ ထည့်သွင်းတွက်ချက်ပြီးမှ တခြားသောပြည်ပနိုင်ငံများ ကိုပါ တင်ပို့ခွင့်ပြုနေတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။သူ့နိုင်ငံက ထွက်ရှိတဲ့ ကုန်ပစ္စည်းတွေကို သေချာစွာစိစစ်ရုံသာ မက သူ့နိုင်ငံကို တင်သွင်းလာတဲ့ကုန်ပစ္စည်းတွေကိုလည်း  အရည် အသွေး၊စံချိန်စံညွှန်းတွေနဲ့ကိုက်ညီမှုရှိမရှိ စစ်ဆေးနေတာကို အားလုံး အသိပဲဖြစ်ပါတယ်။
ဒါဟာ အမေရိကန်အစိုးရအနေနဲ့  သူ့နိုင်ငံသားတွေသာမက သူ့နိုင်ငံတွင်းမှာ  လာရောက်မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားအားလုံး ကို ဘေးအန္တရာယ်ကင်းရှင်းစေရေးဆိုတဲ့မူကို ချမှတ်ပြီး လုပ်ဆောင် နေတာဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်နိုင်ငံကို မည်သို့သောကုန်ပစ္စည်းမျိုး တင်ပို့ခွင့်ရသည်ဖြစ်စေ၊  တင်ပို့သူတစ်ဦးအနေနဲ့ မိမိရဲ့ထုတ်ကုန် ပစ္စည်းများကို ထုပ်ပိုးမှုမှအစ  ကုန်ပစ္စည်းအဆုံး  အရည်အသွေးမီ အဆင့်အတန်း မီတဲ့ကုန်ပစ္စည်းဖြစ် ဖို့ လိုတယ်ဆိုတာကိုပြောခြင်းဖြစ် ပါတယ်။ ယနေ့ကမ္ဘာကြီးဟာအရေအတွက်  ခေတ်မှသည် အရည် အသွေး၊ အရည်အချင်းကို  စံနမူနာထားတဲ့ခေတ်ကို ပြောင်းလဲရောက် ရှိနေပြီဖြစ်ပါတယ်။ဒါကြောင့် မြန်မာနိုင်ငံ က ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တွေ အနေနဲ့ မိမိရဲ့ကုန်ပစ္စည်းများကို  တင်သွင်းသည်ဖြစ်စေ၊ တင်ပို့သည် ဖြစ်စေ အရေအတွက်ထက် အရည်အသွေးကို အဓိကထားပြီး တင်ပို့ တင်သွင်းမှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ပို့ကုန်တွေအထူးသဖြင့် စားသောက်ကုန်ပစ္စည်း တွေဖြစ်တဲ့ ဆန်၊ ပဲ၊ ပြောင်းစတဲ့ကုန်ပစ္စည်းတွေမှာ  ပိုးသတ်ဆေး ဓာတ်ကြွင်းကျန်ရှိမှုတွေ၊   ထုပ်ပိုးမှုနည်းစနစ်မမှန်ကန်တာတွေ၊ ခေတ်မီတဲ့ထုပ်ပိုးမှုနည်းစနစ်နဲ့ ထုပ်ပိုးခြင်းမပြုတာတွေ၊ အဲဒါတွေနဲ့ ပတ်သက်ပြီး စံချိန်စံညွှွန်းမမီလို့  ကိုယ့်နိုင်ငံကို ပြန်ပို့ခံရတာတွေဟာ အများအပြားရှိနေပြီလို့ ကြားသိရပါတယ်။
အခုအခါမှာလည်း မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံသို့ တင်ပို့ခွင့်ရတဲ့  ကုန်ပစ္စည်းအမယ်များအနက် ရေထွက်ကုန်ပစ္စည်းတွေ ကို  တင်ပို့ရာမှာ သတ်မှတ်စံချိန် စံညွှန်းနဲ့ကိုက်ညီမှုမရှိတဲ့အတွက် ငြင်း ပယ်ခြင်း (Reject)ခံ ခဲ့ရပါ တယ်။ အဲဒီလိုငြင်းပယ်ခံခဲ့ရတဲ့အတွက်  မြန်မာနိုင်ငံက ပို့ကုန်လုပ်ငန်းရှင်များအနေနဲ့များစွာ  ဆုံးရှုံးနစ်နာမှု ရှိခဲ့ပါတယ်။
မြန်မာ- အမေရိကန်နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေ
မြန်မာနိုင်ငံနဲ့အမေရိကန်နိုင်ငံတို့ဟာ သံတမန်ဆက်သွယ်မှုကို ၁၉၄၇ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး  မြန်မာနိုင်ငံနဲ့အမေရိကန်နိုင်ငံ အကြား ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန်အတွက် မူဘောင်သဘောတူ စာချုပ် (Trade and Investment Framework Agreement –TIFA)  ကို ၂၀၁၃ ခုနှစ်၊ မေလ ၂၁ ရက်က အမေရိ ကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။TIFA  ကိုအဓိကတာဝန်ယူဆောင် ရွက်နေတာ ကတော့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဖြစ်ပြီး  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေနဲ့ကတော့   ကုန်သွယ်မှုမြှင့်တင်ရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံနဲ့အမေရိကန်နိုင်ငံတို့ရဲ့ နှစ်နိုင်ငံကုန်သွယ်မှုကို ကြည့်မယ်ဆို ရင် ၂၀၁၄-၁၅ ခုနှစ်အတွင်းက ကုန် သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာသန်းပေါင်း  ၅၄၄ ဒသမ ၆၄၀ ရှိခဲ့ပြီး အများဆုံး ဖြစ်ခဲ့ပါတယ်။၂၀၁၆ -၁၇ ဘဏ္ဍာနှစ်မှာ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၉၅ ဒသမ ၀၇၉ ရှိခဲ့ရာ ပို့ကုန် ပမာဏမှာ အမေရိ ကန်ဒေါ်လာသန်းပေါင်း၁၀၃ ဒသမ ၆၃၉ ၊ သွင်း ကုန်ပမာဏမှာ အမေရိ ကန်ဒေါ်လာ သန်းပေါင်း ၉၁  ဒသမ ၄၄၀ ရှိ ခဲ့ပါတယ်။ ၂၀၁၁-၁၂ဘဏ္ဍာနှစ်မှ ၂၀၁၆-၁၇ဘဏ္ဍာနှစ်အောက်တို ဘာလအထိ နှစ်နိုင်ငံကုန်သွယ်မှုကိုအောက်ပါဇယားအတိုင်း သိရှိ နိုင်ပါတယ်။