တရားမဝင်သယ်ဆောင်လာတဲ့ ကျောက်စိမ်းတုံးများကို ကန်ပိုက်တီကုန်သွယ်ရေးစခန်း OSS အဖွဲ့ မှ စစ်ဆေးတွေ့ရှိ

       မြစ်ကြီးနားမှ တရုတ်နိုင်ငံသို့ ထွက်ခွာလာသည့် Alphard ယာဉ်အမှတ် 1F xxxx ပေါ်တွင် ကျောက်စိမ်းတုံး အကြီးအသေးရောရာ ၂၃၆ တုံးကို တင်ဆောင်လာကြောင်း သတင်းပေးတိုင်ကြားချက်အရ ကန်ပိုက်တီကုန်သွ ယ်ရေး စခန်း OSS အဖွဲ့က ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ း၀၀ ချိန်တွင် တားဆီးရှာဖွေ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါကျောက်စိမ်းတုံးများကို ယာဉ်၏ဝမ်းဗိုက် အတွင်း အံဝှက်ပြုလုပ်သယ်ဆောင်လာခြင်းြ ဖစ်ပြီး မြစ်ကြီးနား အကောက်ခွန်ဦးစီးဌာန၌ ဖေဖော်ဝါရီလ ၂ ရက်က အသေး စိတ်ဖွင့်ဖောက်စစ်ဆေးခဲ့ရာ စုစုပေါင်း အလေးချိန် ၆၅၅ ကီလိုရှိ ကျောက်စိမ်းတုံး ၂၈၉ တုံးကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဆိုပါ သိမ်းဆည်းရမိ ေ ကျာက်စိမ်းတုံးများရဲ့ ခန့်မှန်း တန်ဖိုးမှာ ကျပ် ၉၁၇၀၀၀ ဖြစ်ပြီး သိမ်းဆည်းရမိ ကျောက်စိမ်းတုံးများနဲ့ ပစ္စည်းသယ်ဆောင်လာသည့် Alphard မော်တော်ယာဉ်အား အကောက်ခွန်အမှုတွဲ နှစ်ခုဖွင့်လှစ်ပြီး ပစ္စည်းသယ်ဆောင်သူ  xxxx အားလည်း ဝိုင်းမော်ရဲစခန်း တွင် အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

 

ခင်မိုးသူ