ပို့ကုန်ရငွေများအားReal Effective Exchange Rate ဖြင့် လဲလှယ်ခွင့်ပြုရန် အိန္ဒိယပို့ကုန်လုပ်ငန်းရှင် အဖွဲ့အစည်းများက ဆန္ဒရှိ

Nominal Effective Exchange Rate (NEER) ဖြင့် တွက် ချက်ပါက နစ်နာမှုများရှိနေသည့်အတွက် အိန္ဒိယနိုင်ငံ၏ အင်ဂျင် နီယာ ပို့ကုန်လုပ်ငန်းရှင်များအဖွဲ့(Engineering Exporter's Organi- zation)  သည် ၎င်းတို့၏ ပို့ကုန်ရငွေများအားReal Effective Exchange Rateန ဖြင့် လဲလှယ်ခွင့်ပြုရန် အိန္ဒိယဗဟိုဘဏ်နှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့သို့  အဆိုပြုတင်ပြထားကြောင်း၊ ယခုနှစ်ပိုင်းတွင် ရူပီးငွေတန်ဖိုးမှာ သိသိသာသာမာနေသည့်အတွက် ပို့ကုန်လုပ်ငန်းရှင်များအပေါ်  ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ လက်ရှိကာလအတွင်း  ရူပီးငွေတန်ဖိုးသည် ခြောက်  ရာခိုင်နှုန်းဝန်းကျင်ခန့်  တန်ဖိုးမြင့် တက်လာ ခဲ့ကြောင်း၊ အဆိုပါကာလအတွင်း အိန္ဒိယ၏ အဓိကပြိုင်ဘက်နိုင်ငံအများစု၌ ၎င်းင်းတို့၏ငွေကြေးများကို ဒေါ်လာနှင့်လဲလှယ်ရာတွင် ငွေတန်ဖိုး ကျ ဆင်းနေရာ ယင်းအခြေအနေသည် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့်  ယှဉ်ပြိုင်မှုပြုရန်မှာ  အလွန့်အလွန်ခဲယဉ်းသည့်  အနေ အထားဖြစ်သည်ဟု   EEPC ၏   အမှုဆောင်ဒါရိုက်တာဖြစ်သူMr.Bhaskar  Sarkar က ပြောကြားခဲ့ သည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊  
မြန်မာသံရုံး၊ နယူးဒေလီမြို့