ချက်နိုင်ငံ ပရာ့ဂ်မြို့မှထွက်ခွာလာသည့် ကုန်တင်ရထား တရုတ်နိုင်ငံ Yiwu မြို့သို့ ပြန်လည်ရောက်ရှိ

        ချက်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ နှစ်  နိုင်ငံ  ကုန်သွယ်ရေးပူးပေါင်းဆောင် ရွက်မှုအစီအစဉ်အရ ကုန်တင်ရထား ဖြင့် ကုန်သွယ်မှုပြုလျက်ရှိရာ ချက်နိုင်ငံ မှ ကုန်ပစ္စည်းများကို တင်ဆောင်ခုတ် မောင်းလာသည့် ကုန်တင်ရထား သည် တရုတ်နိုင်ငံ၊ ဂျေးဂျန်းပြည်နယ်၊ Yiwu မြို့သို့    ပြန်လည်ဆိုက်ရောက်လာခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေး သားဖော်ပြခဲ့သည်။ အဆိုပါ ကုန်တင်ရထားသည် ပရာ့ဂ်မြို့မှ ဇူလိုင် ၂၀ ရက်က ထွက် ခွာလာခဲ့ခြင်းဖြ စ်ပြီး တရုတ်နိုင်ငံ၊ ဂျေးဂျန်းပြည်နယ်၊ Yiwu မြို့သို့ သြဂုတ်လ ၄ ရက် နံနက် ၁၁ နာရီတွင် ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည်  ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု  အစီအစဉ်ဖြင့် ဥရောပနိုင်ငံ  တစ်ဝန်းလုံးသို့ ကုန် စည်ကူးသန်းရောင်းဝယ်မှုပြုနိုင်ရန် ပထမဦးဆုံးအကြိမ်အဖြစ် ချက်သမ္မတ နိုင်ငံသို့ ကုန်တင်ရထားဖြင့် ကုန်စည် များ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
      "ချက်နိုင်ငံဟာ  ပထဝီရေမြေ အနေအထားအရ အလွန်ကောင်းမွန် တဲ့ အနေအထားမှာရှိပါတယ်။ ချက် နိုင်ငံဟာ ဥရောပတစ်ခွင်ကို လွှမ်းခြုံ နိုင်တဲ့ အဓိကကျတဲ့နေရာလည်းဖြစ်ပါ တယ်"ဟု Yiwu မြို့တော်ဝန် လင်းယီက ပြောကြားခဲ့သည်။ ချက်နိုင်ငံမှကုန်စည်များကို တင်ဆောင်၍ခုတ်မောင်းလာသည့် အဆိုပါ ကုန်တင်ရထားသည် ကွန်တိန်နာ အလုံးပေါင်း  ၈၀ ကျော် တင်ဆောင်လာခဲ့သည်။ အဆိုပါ ကွန်တိန်နာများ တွင် သလင်းကျောက်ထွက် ကုန်များ၊ မော်တော်ကားနှင့်ဆက်စပ်ပစ္စည်းများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊  ဘီယာများ၊ ချက်နိုင်ငံမှ ထွက်ရှိသည့် ကုန်ပစ္စည်းများကို တင်ဆောင်လာခဲ့ ကြောင်း၊ တင်ဆောင်လာသည့် ကုန်ပစ္စည်းများ၏ တန်ဖိုးမှာ အမေရိ ကန် ဒေါ်လာငါးသန်းခန့်ရှိကြောင်း၊ လမ်းခရီးကြာချိန်မှာ ၁၆ရက်သာကြာမြင့်ခဲ့ကြောင်း၊ အဆိုပါ ကြာမြင့်ချိန်သည် ပင်လယ်ရေကြောင်းမှ ကုန်တင်ပို့သည့် အခါကြာချိန်နှင့် နှိုင်းယှဉ်ပါက များစွာ တိုတောင်းလွန်းလှကြောင်း  လင်း က ပြောကြားခဲ့သည်။
    " အခုဆိုရင် ထုတ်လုပ်သူတွေဟာ ဒီလမ်းကြောင်းကို မျက်စိကျလာကြပါ ပြီ။ တရုတ်နိုင်ငံဟာ  အရှေ့အာရှနဲ့ အာဆီယံဒေသကို ကုန်ပစ္စည်းတွေဖြန့်  ဖြူးပေးရာဒေသတစ်ခုအဖြစ်  ပေါ် ထွန်းလာတော့မှာ  ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။ ပြည်နယ်အစိုးရ၏ ထောက်ပံ့ ပေးမှုနှင့်အတူ Yiwu မြို့သည် ချက် နိုင်ငံတွင် ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ စင်တာကြီးတစ်ခုကို တည်ဆောက်ရန် စီစဉ်လျက်ရှိနေပြီး အဆိုပါစင်တာစီမံကိန်းသည်အလုပ်အကို င်ပေါင်း ၃၀၀၀ ခန့်ကို ဖန်တီးပေးလိမ့်မည်ဟု ထပ်မံ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခု  အစီ အစဉ်ကို ၂၀၁၃ခုနှစ်ကတည်းက စတင် ခဲ့ခြင်းဖြစ်ပြီး တရုတ်လူမျိုးများနှင့် ဥရောပနိုင်ငံများမှ မြို့ကြီးများအကြား ကုန်တင်ရထားများဖြင့် ဆက်သွယ်ပေး လျက်ရှိသည်။

 

 

မယ်သီတာ