ကုန်သွယ်ရေးစခန်းများနဲ့ ပင်လယ်ရေကြောင်းမှ သီတင်းပတ်အတွင်း ဆန်တန်ချိန် ရှစ်သောင်းနီးပါးတင်ပို့

      မြန်မာ-တရုတ်နယ်စပ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှိကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာ ၁၈ရက်မှ  ၂၄ရက်အထိ သီတင်းပတ်အတွင်း အမေရိ ကန်ဒေါ်လာ  ၂၂ ဒသမ ၀၂၂ သန်းတန်ဖိုးရှိဆန်၆၀၃၁၈တန်ကျော် တင်ပို့ ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများဖြစ်သော မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ  ငစိန်ဆန်၂၀၃တန်ကျော်၊ ဧည့်မထဆန် ၄၉၄၀၈ တန်အပြင် ကောက်ညှင်းဆန်၁၇၃တန် ခန့်ပါ တင်ပို့ခဲ့ပါတယ်။ ချင်းေ ရွှဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၉၇တန်ကျော်နဲ့ ဧည့်မထဆန် ၉၈တန်ကျော်၊ လွယ် ဂျယ်ကုန်သွယ်ရေးစခန်းမှငစိန်ဆန်၁၀၂၈၆တန်ကျော် တင်ပို့ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ  စစ်တွေကုန်သွယ်ရေး စခန်းမှ ဧည့် မထဆန် ၅၃တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်က ကုန်သွယ်ရေးစခန်းများမှဆန် ၅၂၄၃၁ တန်ခန့်တင်ပို့ ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ  ၇၈၈၇တန်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုတစ်ပတ်မှာ အမေရိကန်ဒေါ်လာ သု ညဒသမ၈၀၆ သန်းတန်ဖိုးရှိ ဆန်ကွဲ ၂၆၃၂တန်ကျော်  တင်ပို့ခဲ့ရာ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ  ဆန်ကွဲ ၁၉၄၂ တန်ကျော်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ တန်ချိန်  ၆၉၀ ကျော် တင်ပို့ ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်ကွဲ ၂၇၇၅ တန် တင်ပို့ ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၄၃တန်လျော့ကျခဲ့ပါတယ်။
         ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  နိုဝင်ဘာ ၁၉ရက်မှ ၂၅ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၄၇ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် ၁၇၉၂၁ တန်ကို ပြည်ပနိုင်ငံများသို့တင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ် ဆန်တင်ပို့မှုများမှာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ဧည့်မထဆန် တန်ချိန် ၁၁၅၁၀တင်ပို့ပြီး အများဆုံးတင်ပို့ခဲ့ပါတယ်။ အခြား အာရှနိုင်ငံများဖြစ်သော တရုတ်နိုင်ငံသို့  ငစိန်ဆန် ၇၅ တန်၊ သီရိလင်္ကာနိုင်ငံသို့ ငစိန်ဆန် ၄၃၅ တန်၊ ဧည့်မထ ဆန် ၁၆၂၅တန်၊ စင်ကာပူနိုင်ငံသို့ ဧည့်မထဆန်တန် ၅၀ တင်ပို့ခဲ့ ပါတယ်။ ဒါ့အပြင် အာဖရိကနိုင်ငံများဖြစ်တဲ့  တောင်အာဖရိက နိုင်ငံသို့ ဧည့်မထဆန်  ၃၇၅တန်၊ မက်ဒါဂါးစကားနိုင်ငံသို့ ဧည့်မထဆန် ၂၆၈၅တန်တင်ပို့ပြီး အီးယူနိုင်ငံများသို့ ပေါင်း ဆန်တန် ၄၀၀နဲ့ ဧည့်မထဆန် ၇၆၆တန်တင်ပို့ခဲ့တာဖြစ်ပါ တယ်။ ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းမှ ဆန် ၅၄၁၅ တန်ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၂၅၀၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
        ယခုတစ်ပတ်မှာ ပင်လယ်ရေကြောင်းမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၅၉သန်းတန်ဖိုးရှိ  ဆန်ကွဲတန် ၃၉၉၀ တင်ပို့ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံသို့တန် ၅၀၀နဲ့ အီးယူနိုင်ငံ များသို့တန်၃၄၉၀တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင် တစ်ပတ်က ဆန်ကွဲတန် ၄၂၅၀တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်မှာ တန်ချိန် ၂၆၀လျော့ကျခဲ့တာတွေ့ရပါတယ်။ ကုန်သွယ်ရေးစခန်းများနဲ့ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ ရက်သတ္တပတ်အတွင်း ဆန်၇၈၂၃၉တန်နဲ့ဆန်ကွဲ ၆၆၂၂ တန်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ထက် ဆန် ၂၀၃၉၃ တန် ပိုမို တင်ပို့နိုင်ကြောင်းသိရပါတယ်။

 

ယဉ်ယဉ်အေး