ထိုင်း ပြည်ပတင်ပို့မှု ကျဆင်းနေသော်လည်း နယ်စပ်ကုန်သွယ်မှုက အားဖြည့်လျက်ရှိ

     ထိုင်းနိုင်ငံ၏ ပို့ကုန်များမှာ ယေဘုယျအားဖြင့် ကျဆင်းနေသော်လည်း နယ်စပ်မှတစ်ဆင့် ဖြတ်သန်းကုန်သွယ်မှုတို့မှာ ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ် ပါက ၂၀၁၉  ခုနှစ် ပထမနှစ်ဝက်တွင်  ၁ ဒသမ ၂ ရာခိုင်နှုန်း တိုးတက် လျက်ရှိ ကြောင်း သိရှိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ပကုန်သွယ် ရေးဦးစီးဌာန၏ပြောကြားချက်အရ ထိုင်းနိုင်ငံ၏ တစ်ဆင့်ဖြတ်သန်း ကုန် သွယ်မှု (Transit Trade)အပါအဝင် နယ်စပ် ဖြတ်ေ ကျာ်ကုန်သွယ်မှု (Cross Border Trade) စုစုပေါင်းမှာ ယခုနှစ် ဇွန်လအထိ ဘတ်ငွေ ၆၈၆ ဒသမ ၄၃ ဘီလီယံရှိကြောင်း သိရှိရသည်။ တစ်ဆင့် ဖြတ်သန်းကုန်သွယ်မှုတွင် တစ်နိုင်ငံ ထက်ပိုများသော နိုင်ငံများသို့ ကုန်ပစ္စည်း များ ဖြတ်သန်းပို့ဆောင်မှုများ ပါဝင်သည်။
     ပထမနှစ်ဝက်တွင် ထိုင်းနိုင်ငံ၏ပို့ကုန်တန်ဖိုး စုစုပေါင်း ဘတ်ငွေ ၃၈၁ ဒသမ ၇၀ဘီလီယံရှိကြောင်း၊ ယခင်နှစ် ကာလတူထက် သုည ဒသမ ၉၈ ရာခိုင် နှုန်းကျဆင်းခဲ့ကြောင်း၊ သွင်းကုန်မှာ လေးရာခိုင်နှုန်းနီးပါးတိုးတက်ခဲ့ပြီး တန်ဖိုး မှာ ဘတ်ငွေ ၃၀၄ ဒသမ ၇၃ ဘီလီယံရှိ ကြောင်း၊ ကုန်သွယ်မှုပို ငွေဘတ် ၅ ဒသမ ၂၈ ဘီလီယံရှိကြောင်း သိရှိရ သည်။ ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်း လေးနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှု (Border Trade) ပမာဏမှာ ဘတ်ငွေ ၅၅၃ ဒသမ ၄၂ ဘီလီယံရှိကြောင်း၊ ယခင်နှစ်ကာလတူထက်  သုည ဒသမ ၀၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ပို့ကုန် တန်ဖိုးမှာဘတ်ငွေ ၃၁၂ ဒသမ ၂၂ ဘီလီယံရှိပြီး လေးရာခိုင်နှုန်းကျဆင်းခဲ့ ကြောင်း၊ သွင်းကုန်မှာ တန်ဖိုးဘတ်ငွေ ၂၄၁ ဒသမ ၁၉ ဘီလီယံရှိပြီး ၅ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
      ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ် ရေးတွင် မလေးရှားနိုင်ငံမှာ အဓိက အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ် နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုပမာဏ မှာ ဘတ်ငွေ ၂၇၁ ဒသမ ၆၀ ဘီလီယံရှိ ကြောင်း၊ မြန်မာနိုင်ငံနှင့် နယ် စပ်ကုန် သွယ်မှု ပမာဏမှာ ဘတ်ငွေ ၁၀၂ ဒသမ  ၂၀ ဘီလီယံရှိကြောင်း၊ လာအိုနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုပမာဏမှာ ဘတ်ငွေ  ၉၉ ဒသမ ၃၉ ဘီလီယံရှိကြောင်း၊ ကမ္ဘော ဒီးယားနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှု ပမာဏမှာဘ တ်ငွေ ၈၀ ဒသမ ၂၂ ဘီလီယံရှိကြောင်း သိရှိရသည်။ ဆက်လက်ပြီး တစ်ဆင့်ဖြတ်သန်း ကုန်သွယ်မှု (Transit Trade)နှင့် ပတ်သက်၍ စင်ကာပူ၊ ဗီယက်နမ်နှင့် တရုတ်ပြည်တောင်ပိုင်းတို့နှင့်  ကုန်သွယ်မှုမှာ အထူးကောင်းမွန်ေ နကြောင်း၊ တစ်ဆင့်ဖြတ်သန်း ကုန်သွယ်မှုစုစုပေါင်း ဘတ် ငွေ ၁၃၃ ဒသမ ၁ ဘီလီယံရှိပြီး ၆ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ပို့ကုန်မှာ ၁၅ ဒသမ ၁ ရာခိုင်နှုန်းတိုး တက်ခဲ့ပြီး တန်ဖိုးဘတ်ငွေ ၆၉ ဒသမ ၄၈ ဘီလီယံရှိကြောင်း၊ သွင်းကုန်မှာ ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တန်ဖိုးဘတ်ငွေ ၆၃ ဒသမ ၅၃ ဘီလီယံ ရှိကြောင်း သိရှိရသည်။
      ထိုင်းနိုင်ငံအနေဖြင့် တရုတ်ပြည် တောင်ပိုင်းနှင့် တစ်ဆင့်ဖြတ်သန်းကုန် သွယ်မှု(Transit Trade)များ အများဆုံး ဖြစ်ပြီး တန်ဖိုးဘတ်ငွေ ၅၉ ဒသမ ၅၄ ဘီလီယံရှိကြောင်း၊ ဗီယက်နမ်နှင့် တစ်ဆင့် ဖြတ်သန်းကုန်သွယ်မှု ပမာဏ မှာ ဘတ်ငွေ ၃၈ ဒသမ ၅၆ ဘီလီယံရှိပြီး စင်ကာပူနှင့် တစ်ဆင့်ဖြတ်သန်းကုန် သွယ်မှုမှာ ဘတ်ငွေ ၃၄ ဒသမ ၉၀ ဘီလီယံရှိကြောင်းသိရှိရသည်။ ပြည်ပကုန်သွယ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Adul Chotinisakorn က  နယ်စပ်ကုန်သွယ်မှုမှာ ဘတ်ငွေတန်ဖိုးမြင့်တက်နေမှု၊ အခြားသော အာဆီယံနိုင်ငံများ၏ ငွေကြေး မတည် ငြိမ်မှု၊ ဖြေရှင်း၍မပြီးသေးသော အမေ ရိကန်-တရုတ် ကုန်သွယ်ရေးအခန်း ကဏ္ဍနှင့် အပြည်ပြည်ဆိုင်ရာ ကုန် သွယ်ရေးအငြင်းပွားမှုတို့အပေါ် မူတည်နေ ကြောင်း၊ ယခုနှစ် ဒုတိယနှစ်ဝက်တွင် နယ်စပ်ကုန်သွယ်ရေးအပေါ် အကောင်းဘက်က ရှုမြင်ထားကြောင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဝန်ကြီး Jurin Laksanawisit ကလည်း နယ်စပ် ကုန်သွယ်ရေးအား ၎င်း၏ထိပ်တန်း ဦးစားပေးကဏ္ဍတွင် ထည့်သွင်းထား ကြောင်း ပြောကြားခဲ့သည်။ ပြည်ပကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် အစိုးရ၏ လူငယ်စွန့်ဦး တီထွင် သူများကွန်ရက် ဖွံ့ဖြိုးမှုအစီအစဉ်Young Entrepreneur Network Deve-lopment Program(YEN-D)အပါ အဝင် နယ်စပ်ကုန်သွယ်ရေး တိုးတက်လာရေးအတွက် လှုပ်ရှားဆောင်ရွက်မှု များကို တိုးတက်အောင် ဆောင်ရွက် သွားမည်ဟု ကတိပြုကြောင်း ပြောကြား ခဲ့သည်။ ထိုင်းစွန့် ဦး တီထွင်သူများအား အိမ်နီးချင်းနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်နိုင်ရန် အားပေးအားမြှောက် ပြုလုပ်ပေးခဲ့ကြောင်း၊ YEN-D အစီအစဉ် အရ လူငယ်စီးပွားရေး လုပ်ငန်းရှင်များအား ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့်  ထိုင်းနိုင်ငံများသို့ စေလွှတ် ၍ တစ်ဦး၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ တို့ကိုတစ်ဦးက ပိုမိုကောင်းမွန်စွာ သိရှိ နားလည်စေရန် ခရီးသွားအစီအစဉ်များ၊ လေ့ကျင့် သင်ကြားရေးအစီအစဉ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
       ထိုင်း  စွန့်ဦးတီထွင်  စီးပွားရေး လုပ်ငန်းရှင်များအဖြစ် အရွေးချယ်ခံရ စေရန် အသက်အားဖြင့် ၄၅ နှစ်အောက် ဖြစ်ရန်လိုအပ်ပြီး မိသားစုမှာ စီးပွားရေး လုပ်ငန်းအသိုင်းအဝန်းကဖြစ်ရန် လိုအပ် ကြောင်း၊ အခြားနိုင်ငံများ တွင်လည်း အလားတူ အချက်အလက်များရှိကြောင်း လည်း သိရှိရသည်။ ယခင်တစ်ပတ်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး၏ အစီရင်ခံစာအရ ထိုင်းနိုင်ငံ ၏ ပထမနှစ်ဝက်တွင် စုစုပေါင်းပို့ကုန် တင်ပို့မှုမှာ နှစ်အလိုက်တွင် ၂ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းသွားပြီး တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁၁၃ ဘီလီယံရှိကြောင်း နှင့် အဆိုပါကာလအတွက် ကုန်သွယ်မှု ပိုငွေမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၄ ဘီလီယံရှိကြောင်း သိရှိရသည်။

 

Source:Bangkok Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့