တာချီလိတ်နယ်စပ်မှ ထိုင်းနိုင်ငံသို့ လိမ္မော်သီးများတင်ပို့

မြန်မာ-ထိုင်းနယ်စပ်ရှိတာချီလိတ်နယ်စပ်မှတစ်ဆင့် ဒေသထွက်လိမ္မော်သီး များအား ထိုင်းနိုင်ငံသို့ တင်ပို့လျက် ရှိပါတယ်။ ဒေသထွက်လိမ္မော်သီးများမှာ နိုဝင်ဘာလမှ ဖေဖော်ဝါရီလထိထွက်ရှိပါတယ်။ ဇန်နဝါရီလမှာ တန်ဖိုးကျပ် ၁၀၉ သန်းကျော်ဖိုးရှိ လိမ္မော်သီး ၅၈၁ တန်ကျော်၊  တင်ပို့ခဲ့ပြီး ဖေဖော်ဝါရီလမှာ တန်ဖိုး ကျပ် ၉၂ သန်းကျော်ဖိုးရှိ လိမ္မော်သီး ၄၉၁ တန်ကျော်၊  တင်ပို့ခဲ့ပါတယ်။ အဆိုပါ လိမ္မော်သီးများကိုဖြောင့်ဖြူးပျော်ရွှင် ကုမ္ပဏီနဲ့ Eastern Agriculture ကုမ္ပဏီတို့မှ တင်ပို့ခဲ့ကြပါတယ်။ လိမ္မော်သီးအဓိကထွက်ရှိတဲ့ ဒေသများမှာ တာချီလိတ်မြို့နယ်ရှိ ဖန်မင်ကျေးရွာ၊ ဝမ်ကျောက်လုံကျေးရွာ၊ မိုင်းဆတ်မြို့နယ်ရှိ ဝမ်ဟုန်ကျေးရွာနဲ့ ကျိုင်းတုံမြို့နယ်များမှဖြစ်ပါတယ်။ ထွက်ရှိတဲ့ လိမ္မော်သီးများကို ထိုင်းနိုင်ငံ မယ်ဆိုင်ဈေးကွက်သို့ ၁ ကီလိုဂရမ်လျှင် ၁၈၉ ကျပ်ဈေး (၁ တန်ကို ၁၈၉၀၀၀ ကျပ်) နဲ့ တင်ပို့လျက် ရှိတယ်လို့ သိရှိရပါတယ်။
ှSource: နကသ (တခလ)