ပဲပြောင်းဈေးငြိမ်သော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ အောင်ပန်းကုန်စည်ဒိုင်

ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်မှာ မတ်လ ပထမပတ်အတွင်း ပဲစင်းငုံ အစေ့ထုတ်ပြောင်းမှာ ဈေးငြိမ်ပြီး၊ ပုံမှန်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ပဲစင်းငုံအဖြူလုံးကြီး တစ်ပိဿာ ၈၀၀ ကျပ်၊ ငုံနီတစ်ပိဿာ ၉၀၀ ကျပ်ဈေး ရှိနေပြီး၊ တစ်ရက်ကို အိတ် ၈၀ ခန့် ပုံမှန်ဝင်ရောက်နေပါတယ်။ အစေ့ထုတ်ပြောင်း ကလည်း ရန်ကုန်နဲ့ မန္တလေးအဆွဲနည်းသွားခဲ့တာကြောင့် တစ်ပိဿာကို ၄၃၀ ကျပ်နဲ့ ဈေးအေးသော်လည်း တစ်ရက်ကို အိတ် ၂၈၀ မှ ၃၀၀ ဝန်းကျင် ဝင်ရောက် နေပြီးမတ်လ ၁ ရက်မှ ၇ ရက်အထိ ပဲစင်းငုံ ၁၇၀၈၀ ပိဿာ (၂၈) တန်၊ အစေ့ထုတ် ပြောင်း ၆၆၅၀၀ ပိဿာ (၁၀၈)တန်နဲ့ ပွင့်လင်းရာသီအလှူမင်္ဂလာပွဲများအတွက် ပြည်တွင်း ဝယ်လက်များတာကြောင့် ချင်းအစို ၉၃၃၀၀ ပိဿာ (၁၅၂)တန် အာလူး ၃၄၇၅၀၀ ပိဿာ (၅၆၇)တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မင်းအောင် - တောင်ကြီး