မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%) ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုး ကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၀၄၅၃၈၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇၃.၀၂၈)သန်း၊ နယ်စပ်မှ (၅၆၀၉၇၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂၂.၇၇၉)သန်း၊ စုစုပေါင်း (၁၆၀၆၃၆၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉၅.၈၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၂၅-၆-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၈၃၁၇၇၅.၈၈၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၅၃.၆၇၇)သန်း၊ နယ်စပ်မှ (၇၃၄၄၅၁.၉၈၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၆၉.၅၃၇)သန်း၊ စုစုပေါင်း (၁၅၆၆၂၂၇.၈၇၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၂၃.၂၁၄)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂၅-၆-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ တွက်
ပုံ
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်
(၂၅-၆-၂၀၂၁) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၃၄၁.၉၄၂ ၆.၇၆၄ ၃၄၈.၇၀၆
ကီလို ၄၄၂၄၄၄.၉၇၆ ၈၀၁၁.၈၂၀ ၄၅၀၄၅၆.၇၉၆
  ပဲတီစိမ်း US$ ၁၆၉.၂၄၀ ၂၆၉.၇၅၆ ၄၃၈.၉၉၆
ကီလို ၁၇၇၅၃၄.၅၄၇ ၃၈၁၂၉၆.၉၆၅ ၅၅၈၈၃၁.၅၁၂
  ပဲတီစိမ်းလုံးခြမ်း US$   ၃.၄၆၈ ၃.၄၆၈
ကီလို   ၂၅၈၈.၅၀၀ ၂၅၈၈.၅၀၀
  ပဲစဉ်းငုံ US$ ၉၀.၈၈၆ ၀.၆၅၄ ၉၁.၅၄၀
ကီလို ၁၃၅၅၂၀.၁၀၉ ၁၁၁၂.၇၅၀ ၁၃၆၆၃၂.၈၅၉
  ကုလားပဲ US$ ၁၂.၀၀၂ ၁.၉၀၇ ၁၃.၉၀၉
ကီလို ၂၀၅၂၃.၀၅၆ ၃၁၅၂.၅၅၀ ၂၃၆၇၅.၆၀၆
  ပဲလွန်းဖြူ US$ ၇.၁၇၉ ၁၆.၉၆၄ ၂၄.၁၄၃
ကီလို ၇၆၂၇.၇၆၂ ၃၇၀၁၃.၉၀၄ ၄၄၆၄၁.၆၆၆
  မြေထောက်ပဲ US$ ၉.၁၃၇ ၂၅.၃၉၂ ၃၄.၅၂၉
ကီလို ၁၁၅၄၀.၂၉၁ ၃၇၅၃၀.၆၇၀ ၄၉၀၇၀.၉၆၁
  ထောပတ်ပဲ US$ ၇.၅၅၇ ၁၄.၀၆၈ ၂၁.၆၂၅
ကီလို ၁၃၉၈၈.၉၅၃ ၂၃၅၆၆.၀၇၀ ၃၇၅၅၅.၀၂၃
   ပဲယင်း US$ ၇.၉၉၂ ၁၉.၇၅၈ ၂၇.၇၅၀
ကီလို ၁၂၁၉၃.၀၉၀ ၃၉၉၀၇.၁၉၀ ၅၂၁၀၀.၂၈၀
  ၁၀ ပဲကြီး US$ ၀.၁၅၃ ၁၁.၀၁၂ ၁၁.၁၆၅
ကီလို ၂၁၆.၆၁၅ ၁၈၃၇၉.၈၅၀ ၁၈၅၉၆.၄၆၅
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၀.၇၄၅   ၀.၇၄၅
ကီလို ၁၂၈၉.၁၅၃   ၁၂၈၉.၁၅၃
  ၁၂ စွန်တာပြာ US$ ၀.၃၈၇ ၀.၀၀၀ ၀.၃၈၇
ကီလို ၆၈၇.၃၉၀ ၀.၀၀၀ ၆၈၇.၃၉၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၉.၃၆၆ ၉.၃၆၆
ကီလို   ၁၄၄၀၉.၀၃၅ ၁၄၄၀၉.၀၃၅
  ၁၄ ပဲဖြူလေး US$ ၀.၀၂၇ ၀.၀၀၀ ၀.၀၂၇
ကီလို ၄၈.၉၂၅ ၀.၀၀၀ ၄၈.၉၂၅
  ၁၅ ဘိုကိတ်ပဲ US$ ၃.၄၉၉ ၀.၁၇၈ ၃.၆၇၇
ကီလို ၄၀၂၉.၇၈၄ ၂၈၈.၀၅၀ ၄၃၁၇.၈၃၄
  ၁၆ ပဲပုတ်စေ့ US$ ၁.၉၆၈ ၁.၀၅၃ ၃.၀၂၁
ကီလို ၃၁၃၂.၅၄၀ ၂၀၉၉.၃၂၃ ၅၂၃၁.၈၆၃
  ၁၇ ပဲနီကြား US$   ၄.၀၉၆ ၄.၀၉၆
ကီလို   ၈၉၀၀.၁၅၀ ၈၉၀၀.၁၅၀
  ၁၈ နိုင်လွန်ပဲ US$   ၂.၃၂၄ ၂.၃၂၄
ကီလို   ၃၂၂၁.၀၂၅ ၃၂၂၁.၀၂၅
  ၁၉ မြေပဲ(အခွံပါ) US$   ၇.၅၅၈ ၇.၅၅၈
ကီလို   ၉၉၂၄.၃၆၅ ၉၉၂၄.၃၆၅
  ၂၀ မြေပဲဆံ US$ ၀.၇၁၄ ၁၇၄.၉၉၇ ၁၇၅.၇၁၁
ကီလို ၇၁၃.၈၀၄ ၁၄၂၆၁၆.၀၂၁ ၁၄၃၃၂၉.၈၂၅
  ၂၁ အခြားပဲ US$ ၀.၂၄၉ ၀.၂၂၂ ၀.၄၇၁
ကီလို ၂၈၄.၈၈၉ ၄၃၃.၇၅၀ ၇၁၈.၆၃၉
    ပဲတင်ပို့မှုစုစုပေါင်း US$ ၆၅၃.၆၇၇ ၅၆၉.၅၃၇ ၁၂၂၃.၂၁၄
ကီလို ၈၃၁၇၇၅.၈၈၄ ၇၃၄၄၅၁.၉၈၈ ၁၅၆၆၂၂၇.၈၇၂

Sources : Customs