ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ်အသုံးပြုမှု သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်လှစ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ထုတ်ပေးမှုအပါအဝင် ဆက်စပ်ကတ်များ၊ ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်ထုတ်ပေးမှုများအား Tradenet 2.0 အသုံးပြု၍ Online စနစ်ဖြင့် ဝန်ဆောင်မှုပေးလျှက် ရှိရာ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် စနစ်အသုံးပြုရာတွင် လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်ရန် အတွက် သင်တန်းဖွင့်လှစ်ပို့ချခဲ့ပါတယ်။

 

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ်အသုံးပြုမှု သင်တန်းအမှတ်စဉ်      (၁/၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်တန်းကာလ (၂)ရက် သတ်မှတ်ထားပြီး နံနက် (၁၀:၀၀) နာရီမှ (၁၆:၀၀)နာရီအထိ Virtual Online စနစ်(Webinar)ဖြင့် သင်တန်းသား (၃၄၆)ဦး တက်ရောက်ခဲ့ပါတယ်။

 

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကုန်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊  သင်တန်းနည်းပြများနှင့် Virtual Online ဖြင့် သင်တန်းသားများအားလုံး တက်ရောက်ခဲ့ကြပါတယ်။

 

သင်တန်းမှာ Tradenet Brief၊ ပသကနှင့်ဆက်စပ်ကတ်များ၏ မူဝါဒပိုင်းဆိုင်ရာများ၊  ပသကနှင့်ဆက်စပ်ကတ်များ လျှောက်ထား/ခွင့်ပြုမှုစနစ်အသုံးပြုမှု၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ် များ၏ မူဝါဒပိုင်းဆိုင်ရာများ၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်လျှောက်ထား/ခွင့်ပြုမှု စနစ်အသုံးပြုမှု၊ ကုန်သွယ်မှုဆိုင်ရာ ငွေပေးသွင်းမှု (e-Commerce Pay) ဘာသာရပ်များကို ကုန်သွယ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနခွဲအသီးသီးမှ သင်ကြားပို့ချခဲ့ပါတယ်။

 

ဆက်လက်၍ နောင်အလားတူ သင်တန်းများကိုလည်း လစဉ်ဖွင့်လှစ်ပို့ချသွားမှာ ဖြစ်ပါတယ်။ သင်တန်းများ ဖွင့်လှစ်ဆွေးနွေးပို့ချမှုနှင့် ပတ်သက်၍ CommerceWebsite, Tradenet Website, တို့တွင် ကြေငြာသွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါတယ်။