မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၁ မှ ၂၈-၁-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၄၅၃၆၈၄.၁၀၉)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၆၁.၉၁၉)သန်း၊ နယ်စပ်မှ (၃၂၇၂၉.၃၆၂)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၂၈.၉၇၆)သန်း၊ စုစုပေါင်း (၄၈၆၄၁၃.၄၇၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၉၀.၈၉၅)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၁-၂၀၂၂(Mini Budget) (၂၈-၁-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၂၈-၁-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၁၇၆.၂၂၇ | ၅.၈၇၀ | ၁၈၂.၀၉၇ | |
ကီလို | ၂၁၅၉၇၇.၉၉၁ | ၅၆၄၆.၇၆၆ | ၂၂၁၆၂၄.၇၅၇ | |||
၂ | ပဲတီစိမ်း | US$ | ၁၀၃.၆၈၁ | ၄.၀၃၁ | ၁၀၇.၇၁၂ | |
ကီလို | ၁၂၆၆၃၁.၁၁၃ | ၆၄၈၇.၈၇၃ | ၁၃၃၁၁၈.၉၈၆ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၁၇၅ | ၀.၁၇၅ | ||
ကီလို | ၁၆၀.၀၀၀ | ၁၆၀.၀၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၃၄.၉၉၁ | ၀.၀၀၀ | ၃၄.၉၉၁ | |
ကီလို | ၅၂၆၅၅.၇၆၂ | ၀.၀၀၀ | ၅၂၆၅၅.၇၆၂ | |||
၅ | ကုလားပဲ | US$ | ၁.၁၁၉ | ၀.၀၀၈ | ၁.၁၂၇ | |
ကီလို | ၁၆၀၁.၅၆၄ | ၁၂.၀၀၀ | ၁၆၁၃.၅၆၄ | |||
၆ | ပဲလွန်းဖြူ | US$ | ၅.၇၃၁ | ၀.၁၀၄ | ၅.၈၃၅ | |
ကီလို | ၆၇၉၂.၇၇၁ | ၂၄၉.၄၀၀ | ၇၀၄၂.၁၇၁ | |||
၇ | မြေထောက်ပဲ | US$ | ၅.၉၄၀ | ၀.၀၇၂ | ၆.၀၁၂ | |
ကီလို | ၇၃၇၃.၄၉၆ | ၁၁၅.၁၅၀ | ၇၄၈၈.၆၄၆ | |||
၈ | ထောပတ်ပဲ | US$ | ၁.၈၄၄ | ၀.၀၁၉ | ၁.၈၆၃ | |
ကီလို | ၂၉၃၉.၀၂၀ | ၃၅.၀၀၀ | ၂၉၇၄.၀၂၀ | |||
၉ | ပဲယင်း | US$ | ၇.၉၃၅ | ၀.၀၀၀ | ၇.၉၃၅ | |
ကီလို | ၁၂၁၇၅.၈၇၆ | ၀.၀၀၀ | ၁၂၁၇၅.၈၇၆ | |||
၁၀ | ပဲကြီး | US$ | ၀.၄၅၀ | ၀.၀၀၀ | ၀.၄၅၀ | |
ကီလို | ၇၁၃.၂၀၈ | ၀.၀၀၀ | ၇၁၃.၂၀၈ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၆၁၃ | ၀.၆၁၃ | ||
ကီလို | ၉၇၁.၆၆၉ | ၉၇၁.၆၆၉ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၂၂၉ | ၀.၀၀၀ | ၀.၂၂၉ | |
ကီလို | ၃၇၂.၉၉၀ | ၀.၀၀၀ | ၃၇၂.၉၉၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၀၂၀ | ၀.၀၀၀ | ၀.၀၂၀ | |
ကီလို | ၂၈.၀၀၀ | ၀.၀၀၀ | ၂၈.၀၀၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၄.၂၁၄ | ၀.၀၀၀ | ၄.၂၁၄ | |
ကီလို | ၅၅၈၃.၅၆၃ | ၀.၀၀၀ | ၅၅၈၃.၅၆၃ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၈၂ | ၀.၀၀၀ | ၀.၀၈၂ | |
ကီလို | ၁၁၅.၀၀၀ | ၀.၀၀၀ | ၁၁၅.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၀.၀၃၈ | ၀.၀၃၈ | ||
ကီလို | ၉၅.၀၀၀ | ၉၅.၀၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၂.၀၅၂ | ၂.၀၅၂ | ||
ကီလို | ၂၈၂၃.၅၂၅ | ၂၈၂၃.၅၂၅ | ||||
၂၀ | မြေပဲဆံ | US$ | ၁၈.၇၆၄ | ၁၆.၆၀၇ | ၃၅.၃၇၁ | |
ကီလို | ၁၉၆၅၀.၉၀၆ | ၁၇၁၀၄.၆၄၈ | ၃၆၇၅၅.၅၅၄ | |||
၂၁ | အခြားပဲ | US$ | ၀.၀၇၉ | ၀.၀၀၀ | ၀.၀၇၉ | |
ကီလို | ၁၀၁.၁၈၀ | ၀.၀၀၀ | ၁၀၁.၁၈၀ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၃၆၁.၉၁၉ | ၂၈.၉၇၆ | ၃၉၀.၈၉၅ | ||
ကီလို | ၄၅၃၆၈၄.၁၀၉ | ၃၂၇၂၉.၃၆၂ | ၄၈၆၄၁၃.၄၇၁ | |||
Source: Customs |