မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၁၀-၆-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၃၁၁၀၃၉.၃၁၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၄၂.၅၉၃)သန်း၊ နယ်စပ်မှ (၈၀၆၅၄.၀၉၀)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၅၃.၅၅၄)သန်း၊ စုစုပေါင်း (၃၉၁၆၉၃.၄၀၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၉၆.၁၄၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၁၀-၆-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၁၀-၆-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၅၄.၁၇၆ | ၃.၁၆၆ | ၅၇.၃၄၂ | |
ကီလို | ၆၇၀၂၂.၀၃၉ | ၃၄၇၇.၅၁၀ | ၇၀၄၉၉.၅၄၉ | |||
၂ | ပဲတီစိမ်း | US$ | ၁၁၇.၆၀၅ | ၃၁.၁၁၄ | ၁၄၈.၇၁၉ | |
ကီလို | ၁၄၈၃၇၄.၁၈၈ | ၄၄၆၇၆.၈၁၇ | ၁၉၃၀၅၁.၀၀၅ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၄.၅၃၄ | ၀.၁၁၀ | ၄.၆၄၄ | |
ကီလို | ၆၁၇၇.၅၂၂ | ၁၆၁.၅၀၀ | ၆၃၃၉.၀၂၂ | |||
၅ | ကုလားပဲ | US$ | ၉.၆၄၂ | ၀.၀၂၇ | ၉.၆၆၉ | |
ကီလို | ၁၃၇၈၄.၇၃၅ | ၄၃.၀၀၀ | ၁၃၈၂၇.၇၃၅ | |||
၆ | ပဲလွန်းဖြူ | US$ | ၈.၅၃၄ | ၀.၆၁၅ | ၉.၁၄၉ | |
ကီလို | ၁၁၈၂၆.၄၄၅ | ၁၅၃၀.၆၅၃ | ၁၃၃၅၇.၀၉၈ | |||
၇ | မြေထောက်ပဲ | US$ | ၁၆.၆၅၈ | ၆.၅၂၆ | ၂၃.၁၈၄ | |
ကီလို | ၂၂၉၉၈.၈၇၇ | ၁၀၂၈၆.၁၁၀ | ၃၃၂၈၄.၉၈၇ | |||
၈ | ထောပတ်ပဲ | US$ | ၁၀.၇၉၁ | ၁.၉၄၉ | ၁၂.၇၄၀ | |
ကီလို | ၁၂၆၆၅.၂၉၂ | ၃၅၆၂.၄၀၀ | ၁၆၂၂၇.၆၉၂ | |||
၉ | ပဲယင်း | US$ | ၁၀.၆၉၃ | ၂.၃၀၇ | ၁၃.၀၀၀ | |
ကီလို | ၁၄၄၉၁.၅၁၃ | ၅၀၄၈.၃၅၀ | ၁၉၅၃၉.၈၆၃ | |||
၁၀ | ပဲကြီး | US$ | ၂.၇၃၁ | ၁.၁၀၂ | ၃.၈၃၃ | |
ကီလို | ၃၈၆၇.၅၃၀ | ၁၉၉၉.၉၂၀ | ၅၈၆၇.၄၅၀ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၅၄၈ | ၁.၅၄၈ | ||
ကီလို | ၂၁၈၈.၉၃၅ | ၂၁၈၈.၉၃၅ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၁၉၂ | ၀.၀၀၀ | ၀.၁၉၂ | |
ကီလို | ၂၇၁.၇၀၀ | ၀.၀၀၀ | ၂၇၁.၇၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၇၀၀ | ၀.၇၀၀ | ||
ကီလို | ၁၂၂၃.၅၃၀ | ၁၂၂၃.၅၃၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၁၆၂ | ၀.၀၀၀ | ၀.၁၆၂ | |
ကီလို | ၂၃၂.၆၇၀ | ၀.၀၀၀ | ၂၃၂.၆၇၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၃.၄၄၃ | ၀.၀၀၀ | ၃.၄၄၃ | |
ကီလို | ၄၆၃၆.၆၇၀ | ၀.၀၀၀ | ၄၆၃၆.၆၇၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၁.၆၁၃ | ၁.၆၁၃ | ||
ကီလို | ၄၀၄၁.၉၀၀ | ၄၀၄၁.၉၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၄၀၄ | ၀.၄၀၄ | ||
ကီလို | ၅၂၇.၁၀၀ | ၅၂၇.၁၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၉၅ | ၀.၀၉၅ | ||
ကီလို | ၁၁၆.၂၅၀ | ၁၁၆.၂၅၀ | ||||
၂၀ | မြေပဲဆံ | US$ | ၁.၃၁၄ | ၃.၈၂၆ | ၅.၁၄၀ | |
ကီလို | ၁၅၂၇.၆၀၀ | ၃၉၅၉.၀၅၀ | ၅၄၈၆.၆၅၀ | |||
၂၁ | အခြားပဲ | US$ | ၀.၅၀၇ | ၀.၀၀၀ | ၀.၅၀၇ | |
ကီလို | ၉၀၇.၅၉၄ | ၀.၀၀၀ | ၉၀၇.၅၉၄ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၂၄၂.၅၉၃ | ၅၃.၅၅၄ | ၂၉၆.၁၄၇ | ||
ကီလို | ၃၁၁၀၃၉.၃၁၀ | ၈၀၆၅၄.၀၉၀ | ၃၉၁၆၉၃.၄၀၀ |